တိုက်စစ်ကို အင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဂျေဒန်ဆန်ချိုနဲ့ အာလင်းဟာလန်းတို့ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂိုးသွင်းနှုန်းကောင်းတဲ့ ကြယ်ပွင့် ၂ ဦးဟာ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ထိပ်တန်းအပြောင်းအရွှေ့ပစ်မှတ်တွေဖြစ်ပြီး လာမယ့်နွေရာသီမှာ သက်ဆိုင်ရာအသင်းတွေကနေ ထွက်ခွာမယ်လို့ ယူဆခြင်းခံထားရသူတွေဖြစ်ပါတယ်။

ဒါပေမယ့် Mirror ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျေဒန်ဆန်ချိုနဲ့ အာလင်းဟာလန်းတို့ ၂ ဦးစလုံးကို ၎င်းတို့ရဲ့ပြိုင်ဘက်တွေ အံံ့အားသင့်သွားအောင် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာပဲ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဆန်ချိုကို လီဗာပူးအသင်း လက်ဦးမှုရယူသွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့အတွက် ပေါင်သန်း ၂၀၀ အထိ အသုံးပြုသွားမယ်လို့ သိရပြီး ဒေါ့မွန်အသင်းက ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ ကျော် သတ်မှတ်ထားတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဂျေဒန်ဆန်ချိုဟာ ဂျာမနီကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရာသီဝက်မှာ ဆန်ချိုကို ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားရဲ့ နော်ဝေဘောလုံးလောကနဲ့ အချိတ်အဆက်ရှိမှုတွေကြောင့် အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။

Share

က္က