ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဝန်းကျင် ပေးချေရဖွယ်ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာလင်းဟာလန်းကို ခေါ်ယူဖို့အတွက် ဆဲဘတ်အသင်းနဲ့ တရားဝင်ဆက်သွယ်မှုတွေ ပြုလုပ်တော့မယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဟာလန်းဟာ ယခုရာသီမှာ ၁၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၆ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ဥရောပမှာ ခြေစွမ်းအတိုးတက်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် လျင်မြန်စွာ ထွက်ပေါ်လာသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးကို ထိပ်တန်းပစ်မှတ်တွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ESPN ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ဟာလန်းကို ခေါ်ယူနိုင်ခြေရှိ၊ မရှိကို စုံစမ်းမေးမြန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာလင်းဟာလန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ယခုရာသီအစကတည်းက တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာဖြစ်ပြီး ဆဲဘတ်အသင်းက ဆယ်ကျော်သက်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းရဲ့တန်ဖိုးကို ပေါင် ၈၅ သန်း သတ်မှတ်ထားတယ်လိို့ သိရပါတယ်။

ဟာလန်းအနေနဲ့ ၎င်းရဲ့ ထိပ်တန်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးဟာ ယခုရာသီကုန်မှာ ပိုလို့တောင် တိုးမြင့်လာနိုင်ဖွယ်ရှိပါတယ်။ ရလဒ်အနေနဲ့ ယူနိုက်တက်ဟာ ဇန်နဝါရီလက ဟာလန်းရဲဲ့အပြောင်းအရွှေ့အတွက် သင့်တော်တဲ့အချိန်လို့ ခံစားနေရပြီး ဂျူဗင်တပ်၊ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ကလည်း နော်ဝေကြယ်ပွင့်ကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဆဲဘတ်အသင်း ငြင်းပယ်ရခက်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်သွားဖို့ စီစဉ်ထားပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဟာလန်းကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ချက်ချင်းပြန်ပြီး အငှားပြန်ချပေးသွားမယ်လို့ သိရပါတယ်။

Share

က္က