5MB အထိ ဖိုင်ဆိုဒ်ခွင့်ပြုထားပါတယ်

နာမည်ကြီး Video Conferencing ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Zoom မှာ နောက်ခံ Background ကို စိတ်ကြိုက်ပြောင်းလို့ ရပြီ ဖြစ်ပါတယ်။

Zoom Room ဗားရှင်း အနေနဲ့ 3.5.19327.0620 နဲ့ အထက် ဖြစ်ဖို့ လိုပါတယ်။ နောက်ခံပုံဟာ GIP,JPG/JPEG နဲ့ 24-bit PNG format တွေ ခွင့်ပြုထားပြီး အနည်းဆုံး 960x အရွယ်အစားကနေ 1920px အထိ ခွင့်ပြုထားပါတယ်။




Photo: iPhone Hacks

အမြင့်ဆုံး file size ကတော့ 5MB ပါ။ Zoom ထဲမှာ နောက်ခံမြင်ကွင်း ပြောင်းမယ်ဆိုရင် အရင်ဆုံး ကွန်ပျူတာမှာ ရှိတဲ့ Zoom app ကို ဖွင့်ရပါမယ်။ ညာဘက်အပေါ်ထောင့်က Settings icon လေး နှိပ်ပြီး ဘယ်ဘက် menu မှာ ပေါ်လာတဲ့ Virtual Background ကို ရွေးရမှာပါ။ ဒီထဲမှာ Zoom ကနေ နောက်ခံအတွက် ကြိုပြီး pre-load ထည့်ထားတာတွေ ရှိပါတယ်။ 

နောက်တစ်မျိုးက Zoom ဘက်ဂရောင်းကို စိတ်ကြိုက် Customize ပြောင်းချင်တယ်ဆိုရင် Virtual Background ရွေး ၊ အပေါင်းလက္ခဏာနှိပ်ပြီး ကိုယ့်ကွန်ပျူတာထဲမှာ ရှိတဲ့ စိတ်ကြိုက်ပုံတစ်ပုံပုံကို ရွေးထည့်လို့ရပါတယ်။ တကယ်လို့ iPhone ၊ iPad နဲ့ Android ဖုန်းတွေမှာ Zoom ဘက်ဂ‌ရောင်းပြောင်းချင်တယ်ဆိုရင် Zoom ကိုဖွင့် ၊ Zoom call တစ်ခုခုကို Join/start လုပ်ပါ။ 

အောက်ခြေညာဘက်မှာ ရှိတဲ့ More button ထဲ ဝင်ပြီး Virtual Background ရွေးပါ။ ပြီးရင်တော့ ဖုန်းထဲက ပုံတစ်ခုခုကို ရွေးပြီး နောက်ခံအဖြစ် ထားနိုင်ပါတယ်။ အနည်းဆုံးတော့ ရှုပ်ပွနေတဲ့ အခန်းထဲမှာ ထိုင်ပြီး ရုပ်သံအစည်းအဝေး လုပ်နေသူတွေအတွက် Video Chat မှာ အမိုက်စား Background ပုံတစ်ခုခုနဲ့ စိတ်ကြိုက်ဆင်လို့ ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က