ဒီပွဲကရမယ့် ငွေကြေးတွေကို ပြန်လှူဒါန်းသွားမှာပါ။

မာ့ခ်ဇူကာဘာ့ဂျ်နဲ့ ထိုးသတ်သွားမယ့် ပွဲကို X (ယခင် တွစ်တာ) ကနေ Live Stream လုပ်သွားမယ်လို့ အီလွန်မက်စ်က ရေးသာပြောဆိုခဲ့ပါတယ်။ ဘယ်တော့ထိုးသတ်မှာလဲဆိုတာကို မပြောပေမယ့် သူတို့နှစ်ဦးရဲ့ သံဇကာကွက်ထဲက ပွဲကတော့ တကယ်ဖြစ်လာတော့မယ့် ပုံပါပဲ။ 

ဒီပွဲကရရှိတဲ့ အမြတ်ငွေတွေကိုလည်း စစ်မှုထမ်းဟောင်းတွေအတွက် လှူဒါန်းသွားမယ်လို့ သူက ဆိုပါသေးတယ်။ သူတို့နှစ်ဦး ထိုးသတ်မယ့်သတင်းက ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပြီး သန်းပေါင်းများစွာသော ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ကာ ဒီပွဲ အမှန်တကယ်ဖြစ်လာဖို့အတွက် မျှော်လင့်နေကြပါတယ်။ 

သူ့ရဲ့ ပြင်ဆင်ထားမှုနဲ့ပတ်သက်ပြီးတော့ ပရိသတ်တဦးက Comment ရေးသားပြီး မေးမြန်းရာမှာ အီလွန်မက်စ်က "လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးဖြစ်နေတယ်၊ ဒီတော့ အလုပ်မှာပဲ လေ့ကျင့်ခန်းလုပ်နေရတယ်" လို့ ပြန်ပြောခဲ့ပါတယ်။ 

နောက်ထပ်တဦးကလည်း ဒီပွဲကို ဘာလို့ထိုးသတ်တာလဲလို့ မေးခဲ့ရာမှာ သူက "ဒါက ယဉ်ကျေးတဲ့ စစ်ပွဲတခုပဲ၊ ယောကျ်ားတွေက စစ်ပွဲကို နှစ်သက်တယ်လ​ေ " လို့ ဖြေဆိုသွားခဲ့ပါတယ်။ သူတို့နှစ်ဦး ထိုးသတ်မယ်လို့ သတင်းတွေထွက်ပြီးနောက်မှာ ဇူကာဘာ့ဂျ်ကို နာမည်ကျော် UFC ဖိုက်တာတွေနဲ့ လေ့ကျင့်တာကို မကြာခဏ တွေ့မြင်နေခဲ့ရပါတယ်။ 

ထိုးသတ်မယ့်နေရာကတော့ လာ့စ်ဗီးဂက်စ်ဖြစ်ဖွယ်ရှိကာ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ အီလွန်မက်စ်ရဲ့ အခုလို ပြောဆိုမှုကတော့ သူတို့ထိုးသတ်ပွဲ အမှန်တကယ်ဖြစ်လာဖို့အတွက် အတည်ပြုမှုလို့လည်း ယူဆရပါတယ်။ 


Share

Loading Next Article...
က္က