သေဆုံးသူ လင်မယားမှာ ကေဘယ်လ်လုပ်ငန်းခွင်က အစောင့် လင်မယားဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်က ကျောင်းဆောင်တစ်ခုအတွင်း သေဆုံးနေတာ ၂ရက်၊၃ရက်ခန့် ရှိနေပြီလို့ ယူဆရတဲ့ လင်မယားနှစ်ဦးရဲ့ အလောင်းကို ဒီကနေ့ ဇူလိုင်လ ၂၆ ရက်မနက်က တွေ့ရှိခဲ့လို့ သွားရောက်စစ်ဆေးပြီးအလောင်းကို တောင်အောက်သယ်ချဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။  

သေဆုံးသူ လင်မယားမှာ ကေဘယ်လ်လုပ်ငန်းခွင်က အစောင့် လင်မယားဖြစ်ပြီး ဘီးလင်းဖက်က လာရောက်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့လည်း ကေဘယ်လ်လုပ်ငန်း ကော်မတီရဲ့ အတွင်းရေးမှူး ဦးအောင်မောင်းက Duwun ကို ပြောပါ တယ်။

“အစောင့်တာဝန်ကတော့ တစ်ယောက်တည်းပေါ့၊ဒါပေမယ့် အစောင့်အမျိုးသားက သူ့အမျိုးသမီးကိုပါခေါ်ပြီး အဲ့ မှာပဲ နေထိုင်ချက်ပြုတ်စားသောက်နေကြတာပါ။ ဆရာတော် ပြောပြချက်အရ ချက်ပြုတ်နေရင်း ဓာတ်လိုက် သေ ဆုံးတယ်လို့ ပြောသလို EPCက စစ်တော့ မိုးကြိုးကြောင့်လည်း သေဆုံးတာ ဖြစ်နိုင်နေပြန်ပါတယ်။ ဘယ်လိုပဲ ဖြစ် ဖြစ် ဒီသေဆုံးမှုက လူသတ်မှုတော့ မဖြစ်နိုင်ပဲ သေမှုသေခင်း ဖြစ်ဖို့များပါတယ်။ဒါကို တာဝန်ရှိ ရဲအရာတွေက စစ် ဆေးပြီးမှပဲ တိတိကျကျ သိနိုင်မှာပါ။” လို့ ဦးအောင်မောင်းက ပြောပြပါတယ်။

သေဆုံးသူ လင်မယားအတွက် နစ်နာမှုကို ကုမ္ပဏီဘက်က ပေးလျော်သွားဖို့လည်း လုပ်ဆောင်နေပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက အလောင်းနှစ်လောင်းကို တောင်အောင်ကို ချဖို့ လုပ်ဆောင်နေကြပါတယ်။

ဇွဲကပင်တောင် ကေဘယ်လ်လုပ်ငန်းကလည်း လက်ရှိမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့သိရပြီး ကိုဗစ်ရောဂါဖြစ်ချိန်မှာ ပညာရှင်နိုင်ငံ ခြားသားတွေ ပြန်သွားတာကြောင့် လက်ရှိ လုပ်ငန်းတွေကို ရပ်တန့်ထားရပြီး တပေါင်းလမှာတော့ ဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။

ဇွဲကပင်တောင်ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ ဇူလဆန်းပိုင်းတုန်းကလည်း တက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦးတို့ဟာ ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသေဆုံးခဲ့မှုတွေ ဖြစ်ပွားခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲဒီလိုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်း တက်ရောက်ခွင့်မပြုဖို့ ညွှန်ကြားထားသလို တောင်ပေါ်လမ်းတစ်လျှောက် စီစီတီဗီ ကင်မရာတွေလည်းတပ်ဆင်သွားမှာဖြစ်တယ်လို့လည်း ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးထံကနေသိရပါတယ်။

Share

က္က