ဓာတ်လိုက်သေဆုံးတာဖြစ်ပေမယ့် မိုးကိုးကြောင့်လား၊လျှပ်စစ်ကြောင့်လားဆိုတာ အတည်မပြုနိုင်တာပါ။

သေဆုံးပြီးတာ ၇၂နာရီကျော်သွားတဲ့အတွက် မိုးကြိုးကြောင့်လား၊လျှပ်စစ်ရှော့ခ်ကြောင့်လားဆိုတာ စစ်ဆေး အတည်ပြုနိုင်ဖို့ခက်ခဲသွားတာလို့သိရပါတယ်။

ဓာတ်ပုံ - Kyaw Swar Myint

ဇူလိုင်လ ၂၆ရက်နေ့က ဇွဲကပင်တောင်ပေါ်မှာ သေဆုံးလျှက် ရှာဖွေ တွေ့ရှိခဲ့တဲ့ လင်မယားနှစ်ယောက်ရဲ့ သေဆုံးမှု ဖြစ်ရပ်မှန်ကို စစ်ဆေးအတည်ပြုလို့မရနိုင်တော့ဘူးလို့သိရပါတယ်။

သေဆုံးသူ လင်မယားနှစ်ယောက်မှာ ဓာတ်လိုက်သေဆုံးမှုလို့ ယူဆထားကြပေမယ့်လည်း မိုးကြိုးထိမှန်ပြီး သေ ဆုံးတာ(သို့)လျှပ်စစ်မီး ရှော့ဖြစ်ပြီး သေဆုံးတာမျိုး တစ်ခုခု အတည်ပြုနိုင်ရေး ရင်ခွဲ စစ်ဆေးမှု ပြုလုပ်ရာမှာ သေဆုံးပြီးတာ ၇၂နာရီကျော်နေပြီဖြစ်တဲ့အတွက် အတိအကျ အတည်မပြုနိုင်တော့ဘူးလို့ ကေဘယ်လ်လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးအောင်မောင်းက Duwun ကိုအတည်ပြုပြောပါတယ်။

“ကျွန်တော်မနေ့က ရင်ခွဲစစ်ဆေးအဖြေရဖို့ ဆရာဝန်ကြီးဆီသွားတော့ သေဆုံးတာ ၇၂နာရီကျော်သွားတဲ့အတွက် အတိအကျ စစ်ဆေးနိုင်ဖို့ ခက်ခဲသွားပြီလို့ ပြောပါတယ်။ သေဆုံးတာကတော့ အကျမ်းဖျဉ်းအားဖြင့် ဓာတ်လိုက် သေဆုံးတာ ဖြစ်ပေမယ့်လည်း မိုးကြိုးကြောင့်လည်း လျှပ်စစ်ကြောင့်လားဆိုတာကို တိတိကျကျ သိနိုင်ဖို့ မဖြစ်နိုင် တော့တာလို့ ဆိုပါတယ်။”လို့ ဦးအောင်မောင်းက ပြောပါတယ်။
ဓာတ်ပုံ - Kyaw Swar Myint

သေဆုံးမှု ရာဇဝင်ကို တိတိကျကျ မသိနိုင်တော့တဲ့အတွက် ဒီအမှုကို သေမှုသေခင်းအဖြစ်သာ သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။ 

“ရဲတပ်ဖွဲ့ကလည်း သေမှုသေခင်းအဖြစ် အမှုဖွင့်ပေးခဲ့ပါတယ်။ မနေ့ကဆိုရင်လည်း သေဆုံးသူ လင်မယားကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးခဲ့ပြီး မိသားစုဝင်တွေကိုလည်း ကျေနပ်ရလောက်အောင် နစ်နာကြေးတွေ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။သူတို့ဖက်ကလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။”လို့ ဦးအောင်မောင်း ကဆက်လက်ပြောပါတယ်။

သေဆုံးသူ လင်မယားမှာ ကေဘယ်လ်လုပ်ငန်းရဲ့ အစောင့်ဝန်ထမ်းတွေဖြစ်ပြီး ဇနီးဖြစ်သူမှာ သေဆုံးချိန်တွင် ကိုယ်ဝန် ၅လလွယ်ထားရတယ်လို့လည်း သိရပါတယ်။

Share

က္က