မေ ၁၈ကစတင်ပြီးတော့ ဆေးရုံတွေမှာလည်းစတင်ထိုးနှံပေးသွားမယ်လို့သိရပါသေးတယ်။

တစ်ရက်ကို ကလေး ၅၀ ဦးနှုန်းသာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးသွားမှာ ဖြစ်လို့ စာရင်းအရင် ပေးသွင်းဖို့ လိုအပ် တယ်လို့ သိရပါတယ်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီလ(၁)ရက်နေ့က စပြီး ယာယီရပ်ဆိုင်းထားရာမှာတော့ ယခုအခါ ဇွန် ၁ရက်ကစတင်ပြီး ကျေးရွာ/ရပ်ကွက်များမှာ ပြန်လည်စတင်တော့မယ် လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၁၅ ရက်) မှာ သတင်းထုတ်ပြန်လာပါတယ်။

အခုလို ကာကွယ်ဆေးထိုးခြင်း အစီအစဥ်ကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်ပေးရာမှာတော့ ကလေးမိဘ/အုပ်ထိန်းသူတွေအနေနဲ့ COVID-19နဲ့ပတ်သက်တဲ့ သတ်မှတ်စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း သိရ ပါတယ်။

“ကျွန်မတို့အနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ပြန်လည်လုပ်ဆောင်ရာမှာ COVID-19 ကာကွယ်ခြင်းနဲ့ဆိုင်တဲ့ သတ်မှတ်စည်းကမ်းချက်တွေကို ကလေးမိဘ/အုပ်ထိန်းသူတွေ လိုက်နာဖို့လိုပါတယ်။ဆေးလာထိုးမယ်ဆိုရင် နှာခေါင်းစည်းဝတ်လာဖို့ လိုပါတယ်။ဒါ့အပြင် ကလေးဖျားနေတာ၊ မိဘ/အုပ်ထိန်းသူ ဖျားနေတာ၊အိမ်သားတစ်ဦးတစ်ယောက် ဖျားနေတာရှိရင်လည်း ဆေးလာမထိုးဖို့ လိုပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက်၊ကျေးရွာတွေက ကျန်းမာရေး တာဝန်ရှိသူတွေကို အကြောင်းကြားပေးဖို့လိုအပ်ပါတယ်။” လို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ထားထားလင်းက Duwun ကို ပြောပါတယ်။

ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်၊ကျေးရွာနဲ့ရပ်ကွက်တွေမှာ မစတင်ခင် မေလ ၁၈ ရက်နေ့က စတင်ပြီး ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများမှာ ပထမဆုံး စတင် ထိုးသွားပေးမယ် လို့လည်းသိရပါသေးတယ်။

“ဆေးရုံတွေမှာကာကွယ်ဆေးထိုးခြင်းကို တစ်ရက်ကို ကလေးအယောက် ၅၀နှုန်းနဲ့ မေ ၁၈ က စတင်ပြီး ထိုးပေးသွားဖို့ လည်း ရှိပါတယ်။ဒါက ရပ်ကွက်၊ကျေးရွာတွေကိုမစတင်ခင် ဆေးရုံတွေမှာ လာထိုးလို့ရအောင်စီစဥ်ပေးထားတာပါ။ အရင်ကတော့ ဆေးရုံတွေက ပြင်ပက ကလေးငယ်တွေထက် ဆေးရုံတွင်းက ကလေးတွေကို အဓိက ဦးစားပေး ထိုးဖြစ်ပါတယ်။ အခုတော့ အပြင်က ကလေးတွေအတွက်လည်း စာရင်းလာပေးလို့ရပါပြီ။ တစ်ရက်ကို ၅၀သ ာ ထိုးပေးဦးမှာ ဖြစ်လို့ အရင်ဆုံး စာရင်းပေးပြီးမှသာ အစဥ်လိုက်ထိုးပေးမှာလည်း ဖြစ်ပါတယ်။” လို့ ဒေါ်ထားထားလင်းက ဆက်လက် ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလနဲ့မေလအတွက်ကာကွယ်ဆေးမထိုးနှံလိုက်တဲ့ကလေးတွေကိုပါ ပြန်လည်ထိုးနှံတိုက်ကျွေးပေးသွား မှာ ဖြစ်ပြီး တစ်ပတ်လျှင် ၅ရက်နှုန်းနဲ့ ရက်သတ္တပတ် နှစ်ပတ်ဆက်တိုက် လုပ်ဆောင်သွားမှာ ဖြစ်ကာ နောက်ပိုင်းမှာ တော့ တစ်ပတ်တစ်ရက်နှုန်းနဲ့ ထိုးနှံတိုက်ကျွေးပေးသွားမယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က