လူနာ (၃)ဦးက ဇွန်လ(၂)ရက်နေ့ကနေ (၁၁)ရက်အတွင်းတွေ့ရှိထားတာပါ။

ဇွန်လအတွင်းတွေ့ရှိထားတဲ့ ပြည်တွင်းကူးစက်ခံရသူ (၃)ဦးရဲ့ ရောဂါကူးစက်ခံရမှုအကြောင်းအရင်းကို ယနေ့ထိမသိရှိရသေးပါဘူး။

အဆိုပါလူနာ (၃)ဦးက ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားဘဲရောဂါပိုးကူးစက်ခံခဲ့ရတာပါ။ လူနာ(၃)ဦးနဲ့ ထိတွေ့ထားတဲ့ သူအချို့ကို ဓာတ်ခွဲစစ်ဆေးပြီးရာမှာလည်း ရောဂါပိုးတွေ့ရှိခြင်းမရှိတဲ့ အတွက် ရောဂါကူးစက်ခံရမှုအကြောင်းအရင်းကို တာဝန်ရှိသူတွေအနေနဲ့ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



“ ပြောရမယ်ဆိုရင် ဒီရောဂါက ခန့်မှန်းရခက်ပါတယ်။ ဘာလို့လဲဆို စစ်တဲ့အချိန်မှာမတွေ့ဘဲ နောက်မှရောဂါလက္ခဏာပြလာတာမျိုးတွေပေါ့။ အခုလူနာတွေနဲ့ ထိတွေ့ထားသူတွေကိုလည်း ဓာတ်ခွဲစစ်ဆေးတော့ဘယ်သူ့မှာမှရောဂါပိုးမတွေ့ရဘူး။ အဲဒီတော့ ဒီ (၃)ဦးရဲ့ ရောဂါကူးစက်မှုက ဘယ်ကဘယ်လိုကူးစက်လည်းဆိုတာ မသိတဲ့သဘောပေါ့နော်။ နောက်ထပ်သူတို့နဲ့ ထိတွေ့ထားသူတွေထဲက ဓာတ်ခွဲစစ်ဆေးဖို့ကျန်ရှိနေတဲ့သူတွေလည်းရှိပါသေးတယ်”လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ဇွန်လအတွင်းတွေ့ရှိခဲ့တဲ့ ပြည်တွင်းကူးစက်ခံရသူ (၃)ဦးမှာ (၂)ဦးကကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ လူနာနံပတ်က (၂၃၁)က မူဆယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇွန်လ (၂)ရက်နေ့ကရောဂါပိုးတွေ့ရှိခဲ့တာပါ။ ဆီဆိုင်က လူနာနံပတ် (၂၄၅)က ဇွန်လ (၉)ရက်နေ့မှာရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး မိုးမောက်က ကျန်းမာရေး ဝန်ထမ်းဖြစ်ကာ လူနာ နံပါတ် (၂၄၉)ကတော့ ဇွန်လ (၁၁)ရက်နေ့ကတွေရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ရောဂါပိုးကို မြန်မာနိုင်ငံမှာစတင်တွေ့ရှိခဲ့စဉ်ကတည်းက ပြည်တွင်းကပြန်လာသူတွေမှာသာ အဓိကတွေ့ရပြီး ပြည်တွင်းကူးစက်မှုအရေအတွက်နည်းပါးပါတယ်။ မြန်မာနိုင်ငံမှာထင်ရှားတဲ့ ပြည်တွင်းကူးစက်မှုတွေအဖြစ် အင်းစိန်ဘာသာရေးပွဲကူးစက်မှုနဲ့ ခဝဲခြံကူးစက်မှုတို့ကိုတော့ လူသိများပါတယ်။ ခရီးသွားရာဇဝင်မရှိ၊ ကူးစက်ခံရသူတွေနဲ့ထိတွေ့မှုမရှိဘဲ ရောဂါကူးစက်ခံရမှုနှုန်းက မြန်မာနိုင်ငံမှာနည်းပါးသလို ရောဂါကူးစက်မှုရာဇဝင်ရှာမတွေ့ဘဲ ပြန်လည်ကောင်းမွန်ခဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။









ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က