ရာမို့စ်က အသင်းလက်မဲ့ဖြစ်နေဆဲပါ။

တစ်ချိန်က ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ နောက်တန်းမှာ ကျောက်ဆောင်သဖွယ် မားမားမတ်မတ် ရပ်တည်ရင်း ခြေစွမ်းပြခဲ့တဲ့ ရာမို့စ်တစ်ယောက် အသင်းသစ် ရှာဖွေဖို့ အခက်တွေ့နေဆဲပါ။ အသက် (၃၇) နှစ်အရွယ် ဒီကစားသမားကြီးက ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ ကစားသမားဖြစ်ပါတယ်။



သူ့ကို ခေါ်ယူဖို့အတွက် ဘက်ဆစ်တပ်ဘက်က သတင်းထွက်ပြီး ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားအတွက် လုပ်ခလစာကို ဘက်ဆစ်တပ်တို့ ပေးချေနိုင်ခြင်းမရှိဘဲ ရာမို့စ်အပါအဝင် တာလီစကာကိုလည်း ခေါ်ယူနိုင်မှာမဟုတ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘက်ဆစ်တပ်က “အောင်မြင်တဲ့ ဘောလုံးသမားတွေဖြစ်တဲ့ တာလီစကာ၊ ရာမို့စ်တို့လို ကမ္ဘာ့ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ တန်းဝင်ခဲ့တဲ့ အသင်းတိုင်း၊ နည်းပြတိုင်းက အလိုရှိခဲ့တဲ့ ကစားသမားတွေနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ သူတို့နဲ့ သဘောတူညီမှုတွေကို ရုပ်သိမ်းလိုက်ရပါပြီ” လို့ ကြေညာခဲ့ပါတယ်။

ရာမို့စ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အဆိုပါပြင်သစ်လီဂူးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို (၆) သန်းရရှိခဲ့ပါတယ်။ ဘစ်ဆစ်တပ်ကလည်း ဒီနွေမှာ တော်တော်လေး ခြေလှမ်းကြဲနေတဲ့ အသင်းဖြစ်ပြီး ချိန်ဘာလိန်၊ အမာတေးနဲ့ မာဆူအာကူတို့ကိုလည်း ခေါ်ယူထားပါတယ်။

ရာမို့စ်ကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့တာက အခု ဘစ်ဆစ်တပ်က ပထမဆုံးမဟုတ်ပါဘူး။ ရာမို့စ်ရဲ့ အသင်းဟောင်း ဆီဗီလာကလည်း ရာမို့စ်ကို ခေါ်ယူဖို့ ငြင်းဆန်ထားပြီး အဆိုပါအသင်းက ဒီနွေရာသီမှာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က