သူတို့အသင်းကို ၄ ဂိုးသွင်းခဲ့တဲ့ ကစားသမားကို ချီးကျူးခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လီဗာပူးလ်ကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်က ဒါဝင်နူနက်ဇ်မပါဘဲ ပြန်ကန်ပွဲကစားမလားလို့ လီဗာပူးလ်အသင်းကို နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ လိုက်ဇစ်ကို ဒါဝင်နူနက်ဇ်ရဲ့ သွင်းဂိုး ၄ ဂိုးအပါအဝင် ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

လူစားဝင်လာပြီးနောက် နူနက်ဇ်က အံ့ဖွယ်ခြေစွမ်းကိုပြသသွားခဲ့ပြီး ဝေဖန်ခံနေရမှုတွေကိုလည်း ချေဖျက်နိုင်ခဲ့ပါတယ်။ လိုက်ဇစ်ကတော့ ချေပဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲကတေ့ာ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဒီပွဲအပြီးမှာတော့ လီဗာပူးလ်က သူတို့ရဲ့ တွစ်တာအကောင့်ကနေ "ဆိုးရွားတဲ့ ညတညတော့မဖြစ်ခဲ့ဘူးမို့လား ဒါဝင်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ 



ဒီလိုပြောဆိုခဲ့တဲ့အပေါ်မှာ လိုက်ဇစ်ကလည်း သူတို့ရဲ့ တွစ်တာအကောင့်ကနေ "ဒါဝင်နူနက်ဇ်မပါဘဲ ပြန်ကန်မလား၊ သူက တကယ့် သားရဲကြီးတကောင်ပဲ" လို့ ပြန်လည်ပြောဆိုကာ နောက်ပြောင်ခဲ့ပါတယ်။ သူတို့အသင်းဘက်က ၄ ဂိုးသွင်းခဲ့တဲ့ ဒါဝင်နူနက်ဇ်ကို လိုက်ဇစ်က ချီးကျူးပြောဆိုခဲ့တာဖြစ်ပြီး ရေးသားပြောဆိုပုံကတော့ လီဗာပူးလ်အသင်းအတွက် စိတ်ကျေနပ်စရာတော့ဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ခြေစမ်းပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ဘ​ဲ အပိုင်အခွင့်အရေးတချို့ကို လွဲချော်ခဲ့ရလို့ လှောင်ပြောင်ခံခဲ့ရတဲ့ နူနက်ဇ်အတွက် စိတ်က​ျေနပ်စရာညတညလည်းဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်က သူ့ကို ယူရိုသန်း ၁၀၀ အထိ ပေးချေကာ ဝယ်ယူခဲ့ရတာဖြစ်ပြီး အဆိုပါ ပြောင်းရွှေ့ကြေးတန်ဖိုးက နူနက်ဇ်အတွက်လည်း ဖိအားတခုသဖွယ်ရှိနေခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က