In partnership with  logo
လစဉ်ငွေစုတတ်တဲ့ အကျင့်ဟာ အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်ထားတာပါ
Nyein Min Wai

 ငွေစုရုံနဲ့ မချမ်းသာဘူးဆိုပေမယ့် ငွေမစုဘဲ သုံးမြဲသုံးနေဖြုန်းနေရင်တော့ ဆင်းရဲဒုက္ခရောက်သွားနိုင်ပါတယ်။ လစဉ်ငွေစုတဲ့ အကျင့်ကို လျှော့တော့ မတွက်ထားသင့်ပါဘူး။ ဘာကြောင့်လစဉ်ငွေစုသင့်သလဲဆိုတော့-



(၁) ငွေကြေး အမှီအခိုကင်းကင်း နေနိုင်မယ်


ပိုက်ဆံကြောင့် သူများကို မျက်နှာအောက်ချပြီး မဆက်ဆံချင်ဘူးဆိုရင် အခုကတည်းက ငွေစုထားသင့်ပါတယ်။ ငွေကြေးမပြည့်စုံလို့ သူများဆီက အထောက်အပံ့နဲ့ နေရခြင်းဟာ အနှောင်အဖွဲ့နဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။ ကိုယ့်ရှေ့အနာဂါတ်အတွက် ငွေစုထားသူဟာ အမြော်အမြင်ရှိတဲ့သူ ဖြစ်ပါတယ်။ 


(၂) စိတ်ချမ်းသာတယ်

ပိုက်ဆံစုထားလို့ လက်ထဲမှာ ငွေအသင့်အတင့်ရှိထားသူဟာ စိတ်ချမ်းချမ်းသာသာ နေနိုင်ပါတယ်။ ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရာဝင်နိုင်ပါတယ်။ အကြွေးကင်းလို့ လူတွေကြားထဲမှာ တင့်တင့်တယ်တယ် နေနိုင်သွားနိုင်ပါတယ်။


(၃) ကိုယ်လုပ်ချင်တာလေးတွေ လုပ်နိုင်မယ်


လက်ထဲမှာ စုဆောင်းထားတာလေးတွေ ရှိနေရင် ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းလေးတွေ ထူထောင်နိုင်မယ်။ ဒါမှမဟုတ် ကိုယ့်သားသမီးလေးတွေအတွက် ကျောင်းပညာရေးကို ကောင်းကောင်း မြေတောင်မြှောက်ပေးနိုင်မယ်။ နောက်ဆုံး ကိုယ်ပေးချင် ကမ်းချင်သူတွေကိုပါ ပေးနိုင်ကမ်းနိုင်ပါလိမ့်မယ်။


(၄) အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ပြီး ဖြစ်မယ်


ငွေစုခြင်းဟာ ကျန်းမာရေးကောင်းစေဖို့ အားကစားလုပ်သလိုမျိုး ကိုယ့်ဘဝအနာဂါတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေထဲက တစ်ခုပါပဲ။ ပိုက်ဆံစုဆောင်းထားမယ်ဆိုရင် အရေးပေါ် ငွေသုံးရမယ့်အချိန်မှာ မျက်ကလူးဆန်ပြာ ဖြစ်မှာ မဟုတ်တော့ပါဘူး။




ဆက်စပ်အကြောင်းအရာများ


Author


က္က