In partnership with  logo
အွန်လိုင်းက အလုပ်လျှောက်ရတာ လွယ်ကူပါတယ်လို့ ပေါ့ပေါ့တန်တန်မတွေးပါနဲ့။

အခုနောက်ပိုင်းမှာ အွန်လိုင်းကနေ အလုပ်လျှောက်တာ ၊ အလုပ်ခေါ်ယူတာတွေ တော်တော်ခေတ်စားလာပါတယ်။ အွန်လိုင်းကနေ အလုပ်လျှောက်တာဟာ လွယ်ကူမြန်ဆန်ပေမယ့်လည်း သေချာ သတိထားရမယ့် အချက်တွေ ရှိပါတယ်။

ကိုယ်အလုပ်လျှောက်ထားချင်တဲ့နေရာကို စနစ်တကျရှိပြီး စမတ်ကျတဲ့ ကိုယ့်ရဲ့အလုပ်လျှောက်လွှာ ရောက်ရှိသွားဖို့အတွက် အွန်လိုင်းပေါ်က အလုပ်လျှောက်တဲ့အခါသတိထားသင့်တဲ့ အချက် ၆ ချက်ကို ပြောပြပေးချင်ပါတယ်။ 



၁။ ကိုယ့်ရဲ့ Mind Set ကို အရင်ဆုံးပြင်ပါ

အွန်လိုင်းကနေ အလုပ်ရှာရတာ လူမပင်ပန်းဘူးဆိုပြီး ပြီးစလွယ်လုပ်ဖို့ စိတ်မကူးပါနဲ့။ တကယ်က ထင်သလောက် မလွယ်ပါဘူး။ အွန်လိုင်းမှာ အလုပ်ရှာဖို့အတွက် ပြင်ဆင်သင့်တာတွေကို ကြိုးကြိုးစားစား ပြင်ဆင်မှာလား ၊ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်ကို သေချာ အချိန်ပေးပြီး ရွေးချယ်ရှာဖွေတော့မှာလားဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုမေးပြီး ကိုယ့်ရဲ့ Mind Set ကို အရင်ဆုံး ပြင်ဆင်ပြီးတဲ့နောက် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို စနစ်တကျ ဆက်လုပ်ရပါမယ်။

၂။ CV Form ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ

အွန်လိုင်းမှာ အလုပ်လျှောက်မယ်ဆိုရင်တော့ CV Form ကို စာရွက်စာတမ်းတွေနဲ့ တင်လို့ မရနိုင်တော့ပါဘူး။ Microsoft Word ဒါမှမဟုတ် PDF ဖိုင်တွေနဲ့ ပြင်ဆင်ဖို့ လိုအပ်လာပါပြီ။ CV Form ကို ပြင်ဆင်တဲ့နေရာမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပဲ ဖြည့်စွက်ပြီး လျှောက်ထားမယ်ဆိုရင် အလုပ်ရနိုင်ဖို့ ခဲယဥ်းနိုင်ပါတယ်။ ဒါ့ကြောင့် CV Form ပြင်ဆင်ရာမှာ ကိုယ့်ရဲ့ အားသာချက်၊ အတွေ့အကြုံနဲ့ စွမ်းဆောင်နိုင်ရည်တို့ကို ထည့်သွင်းရေးသားဖို့ လိုအပ်ပါတယ်။

၃။ ကိုယ့်ရဲ့ Social Profile နဲ့ Email ကိုလည်း ပြင်ဆင်ပါ

အွန်လိုင်းကနေ လျှောက်ထားမှာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Social Profile နဲ့ Email ကိုလည်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်က ကိုယ့်ရဲ့ Social Account တွေ၊ Email တွေကို စစ်တာမျိုးရှိနေနိုင်တဲ့အတွက် ကိုယ့်ရဲ့ Social Account အသုံးပြုမှုကို သတိထားဆင်ခြင်ဖို့ လိုပါတယ်။ ဓာတ်ပုံတွေ၊ တင်တဲ့ စာသားတွေက အစ နောက်ဆုံး တက်ခဲ့တဲ့ကျောင်း၊ လုပ်ငန်းအတွေ့အကြုံ စတဲ့ Data အချက်အလက်တွေက အစ မှန်ကန်အောင် ဖြည့်စွက်ထားဖို့ လိုအပ်ပါတယ်။ အီးမေးလ်အကောင့်ကိုလည်း Nickname တွေ ၊ ထင်သလို ပေးထားတဲ့ နာမည်တွေနဲ့ အသုံးပြုတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ နာမည်အရင်းနဲ့ အသုံးပြုထားတဲ့ အီးမေးလ်ကိုသာ အသုံးပြုပါ။

ကိုယ်လျှောက်ထားမယ့် အလုပ်နဲ့ လုံးဝကိုက်ညီမှုရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကိုယ်တိုင် သေချာဖို့လိုအပ်ပါတယ်။

၄။ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ဟုတ်မဟုတ် သေချာစိစစ်ပါ

ကိုယ်ဟာ ကိုယ်လျှောက်ထားမယ့် အလုပ်နဲ့ လုံးဝကိုက်ညီမှုရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကိုယ်တိုင် သေချာဖို့လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်သေချာသွားပြီဆိုရင်တော့ CV Form မှာလည်း ကိုယ်ဟာ ဒီအလုပ်နဲ့ လုံးဝကိုက်ညီသူဖြစ်ကြောင်း ၊ ကိုယ့်ကို ခန့်ထားသင့်ကြောင်း အလုပ် ခန့်ထားရေးနေရာ / အလုပ်ရှင်သိအောင် ရေးသားဖော်ပြဖို့လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့အလုပ်၊ ကိုယ်လျှောက်ထားတဲ့အလုပ်ကို မြန်မြန်ဆန်ဆန်ရရှိနိုင်မှာပါ။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် အရင်ဆုံး အလုပ်ခေါ်ယူမှု၊ အလုပ်နေရာ ၊ အလုပ်တာဝန်တွေဟာ ကိုယ်နဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာကို သေချာစိစစ်ပြီးတော့မှ အလုပ်လျှောက်ပါ။

၅။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း ပြင်ဆင်ထားပါ

အလုပ်လျှောက်ပြီဆိုရင် အလုပ်က လိုချင်တဲ့ Certificate တွေ ၊ Qualification တွေကိုပါ CV Form မှာ တပါတည်းပူးတွဲပို့ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Certificate တွေ ၊ Qualification တွေကိုလည်း တစ်ခါတည်း Soft Copy အနေနဲ့ သေချာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အီးမေးလ်ကနေ ဒါမှမဟုတ် တိုက်ရိုက်ဝက်ဆိုက်ကနေ လျှောက်ထားမယ့်အခါမှာလည်း ဒီ Document တွေကို တပါတည်း မမေ့မလျှော့ ထည့်ပေးလိုက်ဖို့ လိုအပ်ပါတယ်။

၆။ အလုပ်လျှောက်လွှာ မပို့မီမှာ အစအဆုံးပြန်စစ်ပါ

အွန်လိုင်းကနေ အလုပ်လျှောက်တာဟာ ကလစ်တစ်ချက် နှိပ်ရုံနဲ့ အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီက တာဝန်ရှိသူဆီ ချက်ချင်းရောက်သွားမှာဖြစ်တဲ့အတွက် မပို့ခင်မှာ ကိုယ့်ရဲ့ CV Form ဟာ မှန်ကန်ရဲ့လား ၊ Attachment တွဲထားတဲ့ Document တွေလွဲနေလား၊ မလိုအပ်ဘဲ မှားယွင်းတွဲထားမိတဲ့ ဖိုင်တွေရှိနေသလား စတာတွေကို အသေးစိတ် တစ်ခုချင်းစီ စစ်ဆေးပြီးမှသာ အလုပ်ခန့်မယ့် အလုပ်ရှင်ဆီ ပေးပို့သင့်ပါတယ်။

အွန်လိုင်းကနေ အလုပ်လျှောက်တော့မယ်ဆိုရင်တော့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အွန်လိုင်းကနေ အလုပ်ရှာလို့ရမယ့် နေရာ (၄) ခု မှာ ဝင်ရောက်ရှာဖွေနိုင်ပြီး ကိုဗစ်ကာလမှာ သင်ရင်ဆို်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှု ၄ ခု ကိုလည်း သိထားဖို့ လိုတဲ့အတွက် ဝင်ရောက် လေ့လာကြည့်ဦးနော်

အွန်လိုင်းကနေ အလုပ်လျှောက်တဲ့ အခါ သတိထားရမယ့် အရေးကြီးတဲ့အချက်တွေကို သိသွားပြီးဆိုတော့  https://www.myjobs.com.mm/ ကနေတစ်ဆင့် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရှာဖွေလျှောက်ထားကြည့်လိုက်နော်။


Share

Loading Next Article...
က္က