In partnership with  logo
ဖုန်းတစ်လုံးရှိရုံနဲ့ အလုပ်ရှာလို့ရနေပါပြီ
Nyein Min Wai

အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ အလုပ်အကိုင်ရှာဖွေမှုကို ပိုပြီး လွယ်ကူမြန်ဆန်အောင် အကူအညီပေးနေပါတယ်။ အရင်ကဆို အလုပ်တစ်ခု လျှောက်ဖို့အရေး သတင်းစာ ၊ ဂျာနယ်နဲ့ ကိုယ့်အသိအဆက်အသွယ်တွေကို အားကိုးလာခဲ့ရာကနေ အခုဆို စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အလုပ်အကိုင်မျိုးစုံကို တစ်ထိုင်တည်း လျှောက်လို့ ရနေပြီ ဖြစ်ပါတယ်။ 

အွန်လိုင်းပေါ်ကနေ အလုပ်ရှာခြင်းဟာ ကုန်ကျစရိတ်သက်သာသလောက် လျှောက်ထားရတာ အတော်လေး လွယ်ကူပါတယ်။ လစ်လပ်အလုပ်အကိုင်အားလုံးကို တစ်နေရာတည်းမှာ တွေ့နိုင်သလို စိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်လို့ ကိုယ့်အတွက် လုပ်ခလစာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုကောင်းပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေ အလုပ်ရှာရာမှာ ပိုပြီး အဆင်ပြေစေမယ့် နေရာ ၅ မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။



(၁) Facebook Groups များ

Photo: Unspalsh

စမတ်ဖုန်းကိုင်သူတိုင်းလိုလို Facebook သုံးနေကြတာ ဖြစ်လို့ အွန်လိုင်းကနေ အလွယ်ဆုံး အလုပ်အကိုင်ရှာဖွေနိုင်မယ့်နေရာလေး ညွှန်းချင်ပါတယ်။ အဲ့ဒါကတော့ Facebook ပေါ်က အလုပ်အကိုင်ခေါ်ဆိုတဲ့ Group တွေပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်နယ်ပယ်အလိုက် ခွဲပြီး ထောင်ထားတဲ့ Facebook Groups တွေက အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာဖို့ အလွယ်ဆုံးပါ။ တစ်ခုရှိတာက Jobs Group တစ်ချို့မှာလည်း အလိမ်အညာတွေ ရှိလို့ အလုပ်လျှောက်ခါနီး သေချာစိစစ်စုံစမ်းပြီးမှ လျှောက်ထားဖို့ လိုပါတယ်။


(၂) Facebook Jobs Tab

Photo: researchsnipers

ဒီတစ်ခုကလည်း Facebook သုံးပြီး အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် အဆင်ပြေပါတယ်။ Facebook ဟာ Jobs ဆိုပြီး အလုပ်အကိုင်တွေ စုစည်းရှာပေးနိုင်တဲ့ Tab တစ်ခုကို မိတ်ဆက်ထားပါတယ်။ 

စမတ်ဖုန်းနဲ့ Facebook သုံးနေတယ်ဆိုရင် Menu ထဲ ဝင်ကြည့်တာနဲ့ Jobs ဆိုတဲ့ feature ကို တွေ့မှာပါ။ဒီ feature ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က ကိုယ်နေတဲ့ နေရာနဲ့ တည်နေရာအကွာအဝေး သတ်မှတ်ပြီး အလုပ်ရှာနိုင်သလို လုပ်ခလစာ နဲ့ အလုပ်အကိုင်အမျိုးအစားတွေအလိုက်လည်း ရှာဖွေနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ 


"အွန်လိုင်းကနေ အလုပ်လျှောက်တာက အလုပ်ရှင်အကြောင်းလည်း သိနိုင်တယ်။ ကိုယ့်အတွက်လည်း အချိန်ကုန် ၊ ငွေကုန်တာနဲ့ လူပင်ပန်းရ သက်သာပါတယ်။"- ဦးသူကြွယ်ခန့်စိုး (Head of Marketing) at myjobs.com.mm

(၃) အလုပ်ရှာဖွေရေး Facebook စာမျက်နှာများ

Photo: Unspalsh

ပြည်တွင်းထဲက နာမည်ကြီး အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အလုပ်အကိုင်သစ်တွေ နေ့စဉ် Update တင်ပေးနေတာ ရှိပါတယ်။ ဒီစာမျက်နှာတွေကို Follow လုပ်ထားပြီး ကိုယ်လျှောက်ချင်တဲ့ အလုပ်အကိုင်တွေကို ရှာဖွေလို့ ရပါတယ်။ Job Recruitment Page တွေဟာ စိတ်ချယုံကြည်ရပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုသိနိုင်ပါတယ်။ 


(၄) Job Portals များ

Photo: Unspalsh

အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တွေကတော့ လူမှုကွန်ရက် Page တွေထက် ပိုပြီးအလုပ်အကိုင်အမျိုးစုံလင်သလို ထိရောက်မှုလည်း ရှိပါတယ်။ ဝက်ဘ်ဆိုက်ကနေ အလုပ်ရှာတာဟာ အားသာချက်တွေ အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့ CV ကို ကုမ္ပဏီဘယ်နှစ်ခုက ဝင်ကြည့်သွားတယ်ဆိုတာက အစ သိနိုင်သလို အလုပ်အင်တာဗျူးဝင်ရဖို့ ပိုပြီး အခွင့်အလမ်းများပါတယ်။


(၅) LinkedIn

Photo: Freepik

တစ်ကမ္ဘာလုံးက အလုပ်အကိုင်အခွင့်အလမ်းတွေ ချိတ်ဆက်ပေးနေတဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ Professional ကျကျ တတ်မြောက်သူတို့အတွက် စိတ်လှုပ်ရှားစရာအခွင့်အလမ်းသစ်တွေကို LinkedIn မှာ ရှာဖွေနိုင်ပါတယ်။ နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ဖို့ ရည်မှန်းချက်ရှိသူတွေနဲ့ Career Development လုပ်ချင်တယ်ဆိုရင် LinkedIn သုံးဖို့ အကြံပြုချင်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ


Author


က္က