In partnership with  logo
ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ တချို့အရာတွေကိုတော့ သိထားသင့်ပါတယ်။

အလုပ်မရှိလို့ အလုပ်လျှောက်ဖို့ပဲ ဖြစ်ဖြစ်၊ အလုပ်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလျှောက်ဖို့ပဲဖြစ်ဖြစ် အလုပ်လျှောက်တော့မယ်ဆိုရင်တော့ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်း တီးမိခေါက်မိ ရှိထားသင့်ပါတယ်။

ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်းကို အလုံးစုံမဟုတ်ရင်တောင် တချို့အကြောင်းအရာတွေက မဖြစ်မနေသိထားရပါမယ်။ ဒီလို သိထားတာက ကိုယ့်ကို အလုပ်ရရှိစေဖို့အတွက် ရာခိုင်နှုန်းတော်တော်များများကူညီပေးနိုင်ပါတယ်။



ကုမ္ပဏီရဲ့ အချက် (၅) ချက်ကို အလုပ်မလျှောက်ခင် သိကိုသိထားဖို့ လေ့လာစူးစမ်းပါ။

(၁) ကုမ္ပဏီရဲ့ အဓိကလုပ်ငန်း

ကိုယ်အလုပ်လျှောက်မယ့်ကုမ္ပဏီက ဘာတွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီလဲဆိုတာကို သိရပါမယ်။ Product ထုတ်လုပ်တဲ့ ကုမ္ပဏီလား ၊ Service ပေးနေတဲ့ ကုမ္ပဏီလား ၊ တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီလား ၊ ခရီးသွား ကုမ္ပဏီလား စသဖြင့် ကိုယ်အလုပ်လုပ်မယ့် ကုမ္ပဏီရဲ့ လုပ်ငန်းတွေက ဘာတွေလဲဆိုတာကို သိအောင် စုံစမ်းထားရပါမယ်။ 

(၂) ကုမ္ပဏီရဲ့ Target

ကိုယ် အလုပ်လျှောက်မယ့် ကုမ္ပဏီဟာ ဘယ်လို ရည်မှန်းချက် ပန်းတိုင်တွေ ရှိတဲ့ ကုမ္ပဏီလဲဆိုတာ သိထားရပါမယ်။ ဘယ်လိုလူတွေကို ရောင်းချနေတဲ့ ကုမ္ပဏီလဲ၊ ဒီ ကုမ္ပဏီရဲ့ Customer တွေဟာ ဘယ်လိုလူမျိုးတွေလဲ၊ ဘယ်လို အသက်အရွယ်ပိုင်းခြားတွေဆီ အဓိကထားတာလဲ စတဲ့ ကုမ္ပဏီရဲ့ ပစ်မှတ် တွေကို သိထားဖို့ လိုပါတယ်။

(၃)ကုမ္ပဏီရဲ့ သမိုင်း ၊ ကုမ္ပဏီရဲ့ Culture

ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ နောက်ခံသမိုင်းကြောင်း နဲ့ Culture ကို သိထားတာက ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းတွက် အရမ်းကို လိုအပ်တဲ့ အချက်ပါ။ ကုမ္ပဏီဟာ ဘယ်အချိန်က စတင်တည်ထောင်ပြီး ဘယ်လိုအရာတွေ ထုတ်လုပ်တယ်ဆိုတာကအစ ကုမ္ပဏီရဲ့ တည်နေရာအဆုံး ၊ သက်တမ်းသိပ်မရှိသေးတဲ့ ကုမ္ပဏီလား ၊ သက်တမ်းရင့် ကုမ္ပဏီလား ၊ သူ့ရဲ့ ဝက်ဘ်ဆိုဒ်ထဲက ကုမ္ပဏီအကြောင်း ဘာတွေ ပြောပြထားသလဲဆိုတာတွေကို ဝင်ရောက်ရှာဖွေရင်း ကုမ္ပဏီရဲ့ သမိုင်းကြောင်းနဲ့ Culture ကို သိနိုင်ပါတယ်။

Google ဒါမှမဟုတ် ကုမ္ပဏီဝက်ဘ်ဆိုဒ်ကနေ ကိုယ်သိလိုတဲ့အကြောင်းအရာတွေကို ရှာဖွေလေ့လာနိုင်ပါတယ်။

(၄) ကုမ္ပဏီဦးဆောင်သူတွေ

ကုမ္ပဏီရဲ့ ဦးဆောင်သူတွေဟာ ဘယ်သူတွေလဲဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ CEO၊ CFO က စလို့ ရာထူးအမြင့်ပိုင်းမှာ ရှိနေတဲ့ သူတွေက ဘယ်လိုလူတွေ ဖြစ်နေမလဲဆိုတာကို အလုပ်မလျှောက်ခင် ကြိုတင်လေ့လာစုံစမ်းထားဖို့ လိုပါတယ်။ ဒီအကြီးပိုင်းအရာရှိတွေက လက်အောက်ငယ်သားဝန်ထမ်းတွေအပေါ် ဘယ်လို ပြုမူ ဆက်ဆံသလဲ ၊ ဝန်ထမ်းတွေရဲ့ ကုမ္ပဏီအပေါ် ယုံကြည်ချက်က ဘယ်လောက်ရှိသလဲဆိုတာတွေပါ သိထားမယ်ဆိုရင် လုပ်ငန်းခွင်အင်တာဗျူးမှာလည်း အဆင်ပြေသလို ကိုယ် အလုပ်လျှောက်သင့်တဲ့ ကုမ္ပဏီဟုတ်မဟုတ်ဆိုတာမျိုးလည်း သုံးသပ်လို့ရပါတယ်။

(၅) လောလောလတ်လတ်ကုမ္ပဏီရဲ့ သတင်း

နောက်ဆုံးအရေးကြီးတဲ့ တစ်ချက်ကတော့ ကိုယ် အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ လောလောလတ်လတ် သတင်းကို သိထားဖို့ လိုပါတယ်။ Google မှာ ကုမ္ပဏီနာမည် ရိုက်ရှာလို့ ရသလို ကုမ္ပဏီကြောင်း တီးမိခေါက်မိ ရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက တစ်ဆင့်လည်း လေ့လာစူးစမ်းထားဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီက လုပ်ငန်းအသစ်တွေ လုပ်နေသလား ၊ဝန်ထမ်းလျှော့ချလိုက်တာမျိုးတွေ ပြုလုပ်ထားသလား က စလို့ လောလောလတ်လတ် သတင်းတွေ ရနိုင်သလို စုံစမ်းထားဖို့ လိုအပ်ပါတယ်။

ဒီအချက် (၅) ချက်ကို သိထားပြီဆိုရင် အလုပ်အင်တာဗျူးဖြေဆိုတဲ့အခါမှာလည်း ကိုယ့်ဘက်က အင်တာဗျူးသူစိတ်ကျေနပ်စေမယ့် အဖြေတွေကို ဖြေဆိုနိုင်မှာ ဖြစ်သလို

ကုမ္ပဏီအကြောင်း ရင်းရင်းနှီးနှီး သိထားပြီးဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ်အတွက် ပိုပြီး အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကိုယ် အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်း ဘာတွေသိထားရမလဲဆိုတာ သိပြီဆိုရင်တော့ အွန်လိုင်းကနေ အလုပ်လျှောက်မယ်ဆိုရင် သတိထားရမယ့် အရေးကြီးဆုံး အချက် (၆) ချက် နဲ့ အကြပ်အတည်း ကာလမှာ သင်နဲ့ကိုက်ညီတဲ့အလုပ်ရဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာတွေကို ဆက်လက် လေ့လာကြည့်လိုက်ကြရအောင်ပါ။ 

 အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3liruPk ကနေတစ်ဆင့် အလွယ်တကူဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က