In partnership with  logo
ကိုဗစ်ကာလမှာ လူနေမှုပုံစံပြောင်းလဲသွားသလိုပဲ လုပ်ငန်းခွင်ပိုင်းဆိုင်ရာမှာလည်း အပြောင်းအလဲတွေ အများကြီးဖြစ်သွားပါတယ်။

ဒီလို ကိုဗစ်ကပ်ရောဂါရဲ့ အကြပ်အတည်းကာလတွေမှာ အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတိုင်းအဖို့ ပြောင်းလဲသွားတဲ့ ကုမ္ပဏီပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေ၊ စနစ်သစ်တွေ နဲ့ လုပ်ငန်းခွင်ပိုင်းဆိုင်ရာပုံစံသစ် တွေကို လိုက်လုပ်နိုင်မှသာလျှင် စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှသာ ကိုယ်ရဲ့ အလုပ်နေရာ တည်မြဲမှာပါ။

ဒီအချိန်ဟာ ရောဂါကိုယ့်ကို မကူးစက်ဖို့ အာရုံစိုက်ရသလိုပဲ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်ဖို့ အထူးလိုအပ်နေပါတယ်။ ဒီအချိန်မှာ ဝန်ထမ်းတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကတော့



၁။လုပ်ငန်းခွင်နေရာ

ပထမဆုံး ပြောင်းလဲသွားတဲ့ အရာကတော့ လုပ်ငန်းခွင်နေရာပါပဲ။ အားလုံးသိကြတဲ့အတိုင်း ရောဂါနှိမ်နင်းနိုင်ဖို့ ၊ ရောဂါမပြန့်ပွားစေဖို့ Home Stay ကာလ သတ်မှတ်ကြတဲ့အခါ ဝန်ထမ်းတိုင်းက အိမ်ကနေသာ ကိုယ့်ရဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ အခြေအနေကို ရောက်ရှိလာပါတယ်။ ဒါဟာ အကြီးမားဆုံးနဲ့ အပြောင်းလဲဆုံး စိန်ခေါ်မှုကြီး တစ်ရပ်ပါ။ အိမ်မှာနေရင်း ကိုယ့်ရဲ့ တာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်ရတဲ့နေရာမှာ အခက်အခဲတွေ၊ အလုပ်ကြန့်ကြာမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို မလွဲမသွေ ကြုံလာရပါတယ်။

Home Stay ကာလ သတ်မှတ်ကြတဲ့အခါ ဝန်ထမ်းတိုင်းက အိမ်ကနေသာ လုပ်ဆောင်ဖို့ အခြေအနေကို ရောက်ရှိလာပါတယ်။

၂။ကျစ်လစ်လာတဲ့ ဝန်ထမ်းအရေအတွက်

နောက်တစ်ခု ကြုံတွေ့ရတဲ့ အရာကတော့ ဝန်ထမ်းတွေ လျှော့ချလိုက်တာပါပဲ။ ကိုဗစ်ကာလမှာ ကုမ္ပဏီတွေအနေနဲ့ ရပ်တည်ဖို့ အသက်ရှူမချောင်ဖြစ်လာတဲ့အခါ ရှိပြီးသားဝန်ထမ်းအရေအတွက်ကို သုံးပုံတစ်ပုံလောက် လျှော့ချလိုက်ရတာတွေ ဖြစ်လာပါတယ်။ ဒါကတော့ ဝန်ထမ်းတွေအတွက် လက်မခံချင်ပေမယ့်လည်း လက်ခံလိုက်ရတဲ့ အရာပါပဲ။ ဒီလို လျှော့ချလိုက်တဲ့ ဝန်ထမ်းထဲမှာ ကိုယ်မပါဝင်ဖို့အတွက် ကိုယ့်ရဲ့ လက်ရှိအနေအထားထက် ပိုကြိုးစားရတာတွေကလည်း ဝန်ထမ်းတွေ လတ်တလောကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပါ။

၃။ဝန်ထမ်းတွေရဲ့ လုပ်နိင်စွမ်းရည်တွေ

ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေထဲမှာ ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းရည်နဲ့ အရည်အချင်းတွေလည်း ပါဝင်လာပါတယ်၊ အရင်ကလို အထက်လူကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့ရတဲ့ ကာလမဟုတ်တော့တဲ့ အတွက် ဝန်ထမ်းတွေဟာ ကိုယ်တိုင် စီမံဆုံးဖြတ်ရတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီတော့ ဝန်ထမ်းတွေဘက်ကလည်း ကိုယ့် Professional နဲ့ ပတ်သက်တဲ့ Skills မှန်သမျှကို ဖြည့်ဆည်းထားမှသာ ကိုယ့်နေရာ တည်မြဲမှာပါ။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်တွေကို ပိုမြှင့်တင်နိုင်လေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကို ဖြတ်ကျော်နိုင်လေပါပဲ။

၄။ပိုမိုအားပြုလာတဲ့ Digital ပိုင်း

အိမ်ကနေ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် ကုမ္ပဏီတွင်းက ဝန်ထမ်းတွေ အချင်းချင်း လုပ်ငန်းပိုင်းဆိုင်ရာတွေ ပြောဆိုဆွေးနွေးရတဲ့အခါ Digital ပိုင်းကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်လာပါတယ်။ အရင်က Digital ပိုင်းကို အသုံးမပြုတတ်ဘူးဆိုရင်တောင် ဒီချိန်မှာ မဖြစ်မနေ အသုံးပြုရမယ့် အချိန်ကို ရောက်ရှိလာတာဖြစ်တဲ့အတွက် ဒါဟာ ပြောင်းလဲသွားရတဲ့ အခြေအနေပါ။ Digital Tools တွေကို စနစ်တကျ အသုံးပြုနိုင်သွားပြီဆိုရင် ကိုယ့်ရဲ့ တာဝန်တွေကို ပိုပြီး စနစ်တကျ စီမံနိုင်လာမှာ ဖြစ်တာကြောင့် ဒါဟာ စိန်ခေါ်မှုဆိုတဲ့တိုင်အောင် ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။

ဒီအချက် (၄) ချက်ဟာ လတ်တလောမှာ ဝန်ထမ်းတွေအနေနဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေမယ့်လည်း ဒါတွေကိုသာ ကောင်းမွန်စွာ ကျော်ဖြတ်အောင်မြင်ခဲ့ပြီဆိုရင်တော့ ကိုဗစ်လွန်ကာလတွေမှာတောင် ကိုယ်ဟာ လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့စွာ လုပ်နိုင်လာတာကို ခံစားကြရမှာပါ။ ကိုယ့်ရဲ့ အလုပ်အပေါ် အရင်ကထက် အာရုံစိုက်လုပ်ကိုင်ပြီး လိုအပ်တဲ့ မဖြစ်မနေ ဖြည့်ဆည်းထားရမယ့် Skills တွေကို ဖြည့်ဆည်းလိုက်ရင်တော့ ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်ပုံစံသစ်တွေ၊ စိန်ခေါ်မှု အသစ်တွေမှာ အံဝင်ခွင်ကျဖြစ်နိုင်မှာပါ။

အလုပ်လျှောက်ချင်တဲ့သူတွေအနေနဲ့လည်း ဒီချိန်မှာ ကြုံတွေ့ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှုကို သိပြီဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့်၊ ကိုယ်လျှောက်ချင်တဲ့ အလုပ်အကိုင်တွေကို https://www.myjobs.com.mm/ကနေတဆင့် ရှာဖွေလျှောက်ထားလိုက်ပါနော်။

ဒီအချက်အလက်တွေကို သိသွားပြီဆိုရင်တော့ အကြပ်အတည်း ကာလမှာ သင်နဲ့ကိုက်ညီတဲ့အလုပ်ရဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာနဲ့ လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး တွေမှာ ဆက်ပြီး လေ့လာဖတ်ရှူရင်း ကိုဗစ်ကာလမှာ ကိုယ့်ရဲ့ ဝင်ငွေတွေ ရပ်တန့်မသွားရအောင် ကြိုးစားကြပါစို့။


Share

Loading Next Article...
က္က