In partnership with  logo
ကိုဗစ်ကြီးပြီးသွားပြီဆိုရင် ဘယ်လို အလုပ်အကိုင်တွေ ခေတ်စားလာနိုင်မလဲဆိုတာ လူတိုင်းစိတ်ဝင်စားကြပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားနေချိန်အတွင်းမှာ လုပ်ငန်းခွင်အတွင်း ပြောင်းလဲမှုတွေ အများကြီးဖြစ်လာသလို အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေလည်း ပေါ်ပေါက်လာပါတယ်။ အရင်ကလည်း ရှိတော့ရှိပေမယ့် ကိုဗစ်ဖြစ်ပွားပြီးမှ ပိုမိုရရှိလာနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ပြောပြပေးချင်ပါတယ်။

၁။ Digital Marketing

အခုနောက်ပိုင်းမှာ ကိုယ့်ရဲ့ ကုမ္ပဏီ ၊ Brand (အမှတ်တံဆိပ်) ၊ Product (ထုတ်ကုန်) တွေကို လူထုထဲရောက်အောင် ထိုးဖောက်တဲ့နေရာမှာ ဆိုရှယ်မီဒီယာကို အသုံးပြုလာကြပါတယ်။ ဒစ်ဂျစ်တယ်မာကတ်တင်း အလုပ်ကတော့ (Facebook, Twitter, Instagram & LinkedIn)အစရှိတဲ့နေရာတွေမှာ ဈေးကွက်ရှာရတဲ့ ၊ ထိုးဖောက်ရတဲ့ အလုပ်တွေပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ စာရေးသားတာ ၊ ဗီဒီယိုတွေ ဖန်တီးထုတ်လုပ်တာ ၊ ရုပ်ပုံတွေနဲ့ လူစိတ်ဝင်စားလာအောင် လုပ်ရတဲ့ လုပ်ငန်းအမျိုးအစားဖြစ်ပါတယ်။



ဒစ်ဂျစ်တယ်မာကတ်တင်းနဲ့ သက်ဆိုင်တဲ့ အလုပ်ရာထူးတွေကတော့ Digital Marketing Manager, Digital Marketing Supervisor , Digital Campaign Associate, Content Managers & Strategists, Copy Writer/ Content Writer, Content/Community Manager စတဲ့ အလုပ်အကိုင်ရာထူးတွေပဲဖြစ်ပါတယ်။ ကျွမ်းကျင်အဆင့်တွေအတွက်ကတော့ စီမံခန့်ခွဲရတဲ့ ရာထူးတွေနဲ့ ပိုပြီး ကိုက်ညီပြီး အခုမှ အလုပ်စဝင်မယ့်သူတွေအတွက်ကတော့ Content ပိုင်းဖန်တီးတာ၊ Facebook , Instagram , YouTube နဲ့ LinkedIn လိုနေရာမျိုးတွေမှာ ပို့စ်တင်တာ ၊ Customer တွေရဲ့ မေးခွန်းတွေကို ဖြေဆိုပေးတာ စတာမျိုးတွေ လုပ်လို့ရပါတယ်။

လူတိုင်းလိုလို ပြည်တွင်းကနေကောပြည်ပကနေပါ အွန်လိုင်းဈေးရောင်းဈေးဝယ်ပြုလုပ်တာ ခေတ်စားလာတဲ့ ဒီလို ကိုဗစ်ကာလမှာ Logistics လုပ်ငန်းဟာ အရင်ကထက် ပိုခေတ်စားလာပါတယ်။

၂။ Logistics

Logisticsဟာ ဝယ်သူ ဝယ်ယူလိုက်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းသူထံကနေ တစ်ဆင့် ဝယ်သူဆီအရောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းအမျိုးအစားပဲဖြစ်ပါတယ်။ ရောင်းသူနဲ့ ဝယ်ယူသူကြား ဆက်နွယ်ပေးထားတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ဒီကာလမှာကော၊ ဒီကာလအလွန်မှာပါ အရမ်းကို ခေတ်စားလာနိင်မှာသေချာပါတယ်။ လူတိုင်းလိုလို ပြည်တွင်းကနေကောပြည်ပကနေပါ အွန်လိုင်းဈေးရောင်းဈေးဝယ်ပြုလုပ်တာ ခေတ်စားလာတဲ့ ဒီလို ကိုဗစ်ကာလမှာ Logistics လုပ်ငန်းဟာ အရင်ကထက် ပိုခေတ်စားလာပါတယ်။

Logistics နဲ့ ပတ်သက်တဲ့ ရာထူးနေရာတွေကတော့ Business Development Executive, Logistics Analyst, Assistant Operation Manager, Operation Executive (Warehousing), Customer Service Manager, Customer Service Assistant စတဲ့ အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။ ကျွမ်းကျင်အဆင့်တွေအနေနဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ လျှောက်ထားနိုင်သလို အခုမှ စတင်လျှောက်ထားလုပ်ကိုင်လိုသူတွေအနေနဲ့လည်း ဂိုဒေါင်တာဝန်ခံ၊ ထုတ်ပိုးမှုအပိုင်းနဲ့ Customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုရတဲ့ အပိုင်းတွေ နဲ့ Delivery ပို့ဆောင်တဲ့ အပိုင်းတွေမှာ လျှောက်ထားလုပ်ကိုင်နိုင်ပါတယ်။

၃။ Delivery & Transportation

ဒါကတော့ လူတိုင်းလိုလို မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အလုပ်အကိုင်ဖြစ်သလို မှိုလိုပေါလာတဲ့ Delivery Service တွေကိုလည်း မြင်တွေ့ကြရမှာပါ။ ဆက်သွယ်သွားလာရေးနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကတော့ အားလုံး ရင်းနှီးပြီးသား လုပ်ငန်းတွေ ဖြစ်သလို ဒီကာလမှာ ပိုမိုဖြစ်ထွန်းလာတဲ့ လုပ်ငန်းအမျိုးအစားလည်း ဖြစ်ပါတယ်။ Delivery & Transportation နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်ရာထူးတွေကတော့ Delivery Manager, Delivery Driver, Driver Helper, Transport Documentation Officer, Delivery/ Collection စတဲ့ရာထူးတွေပဲဖြစ်ပါတယ်။ ကားမောင်းကျွမ်းသူတွေအနေနဲ့လည်း ကားနဲ့ လိုက်လံပို့ဆောင်ရတဲ့ အလုပ်ကို လုပ်နိုင်သလို စက်ဘီးနဲ့ လိုက်လံပို့ဆောင်ရတာမျိုးတွေလည်း ရှိပါတယ်။ 

၄။ E-Commerce

E-Commerce ဆိုတာကတော့ ငွေပေးချေမှုဆောင်ရွက်ရာမှာ ငွေသားကို အသုံးမပြုဘဲ ကဒ်အသုံးပြု ငွေချေတာမျိုးကို ဆိုလိုတာပါ။ ကိုဗစ်ကာလမှာ လူတိုင်းလိုလိုက ငွေသားနဲ့ ငွေချေတာထက် အွန်လိုင်းကနေငွေချေတာ ၊ ကဒ်အသုံးပြုတာ၊ Mobile Banking နဲ့ ငွေချေတာတွေ စတာတွေ ပြုလုပ်လာကြပါတယ်။ နောက်ပိုင်းမှာလည်း ဒီထက်မက ဆက်လက် ပိုမိုအသုံးပြုလာကြဖို့ရှိနေပါတယ်။ E-Commerce နဲ့ ဆက်နွယ်နေတဲ့ အလုပ်အကိုင်ရာထူးနေရာတွေကတော့ Customer service representative, Marketing specialist, Administrative assistant, Data Analyst, ecommerce, E- Commerce And Website Developer စတာတွေ ဖြစ်ပါတယ်။ အခုမှ ဒီအပိုင်းမှာ ဝင်ရောက်လျှောက်ထားချင်တဲ့သူတွေအနေနဲ့လည်း Customer service ပိုင်း၊ Data လိုက်လံကောက်ခံတဲ့ အပိုင်းတွေမှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

တကယ်တော့ ဒီအလုပ်အကိုင်အခွင့်အလမ်းတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြတဲ့ အရာတွေဖြစ်ပြီး - content writer , graphic designer, Customer Service နဲ့ Delivery တို့လို တူညီတဲ့ အလုပ်အကိုင်နေရာတွေလည်း ရှိနေပါတယ်။ ပိုမိုခေတ်စားလာမယ့် ဒီအလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိနိုင်ဖို့ဆိုရင်တော့ လိုအပ်တဲ့ Digital Skills တွေကို တတ်မြောက်ထားဖို့၊ သိထားဖို့တော့ လိုအပ်ပါတယ်။ ဒီလို ကိုဗစ်အလွန်မှာ ခေတ်စားလာနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ရာထူးနေရာတွေကို သိသွားပြီဆိုတော့ ကိုဗစ်ကြီးကို ကျော်လွန်သွားခဲ့ရင်လည်း ကိုယ့်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို မလွဲမသွေရရှိနိုင်မှာသေချာပါတယ်။ 

ကိုဗစ်ကာလအလွန်မှာ ခေတ်စားလာနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုသိပြီ ဒါပေမယ့် ဒီကာလမှာလည်း အလုပ်လျှောက်ဖို့ လိုအပ်တယ်ဆိုရင်တော့ ကပ်ရောဂါ အကြပ်အတည်းကာလမှာ လျှောက်နိုင်တဲ့ အလုပ်အကိုင် (၆) နေရာ နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ထိထိရောက်ရောက်လွယ်လွယ်ကူကူ ရှာဖွေနိုင်မယ့် နေရာ (၇) နေရာ တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

တိုက်ရိုက်အလုပ်လျှောက်လိုသူတွေအနေနဲ့လည်း https://bit.ly/3kt5dyw ကနေတစ်ဆင့် တိုက်ရိုက်ဝင်လျှောက်နိုင်ပါတယ်။ 


Share

Loading Next Article...
က္က