In partnership with  logo
လက်ရှိမှာလည်း PR ပိုင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးပေါ်ထွန်းလာပါတယ်။

ခုနောက်ပိုင်းမှာ PR ဟာ အရမ်းကို ခေတ်စားလာပြီး ကုမ္ပဏီတိုင်းလိုလိုမှာလည်း PR (Public Relations) ဌာနတွေ ဖွဲ့စည်းလာတာကို တွေ့မြင်ရပါတယ်။ ဒီနေ့တော့ PR လောကထဲကို ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်။ 



PR ဆိုတာ ဘာလဲ 

PR ဆိုတာကတော့ ကိုယ့်ရဲ့ ကုမ္ပဏီ ၊ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ပြည်သူလူထုကြားထဲ ရောက်ရှိသွားအောင် ၊ ကိုယ့်ကုမ္ပဏီ ရဲ့ အကြောင်းကို လူထုကြား သိသွားအောင် ဖြန့်ပေးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ Marketingနဲ့လည်း ဆက်နွယ်နေပါတယ်။ အဖွဲ့အစည်းတင်မက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (ဉပမာ - နာမည်ကြီး နိုင်ငံရေးသမား / အနုပညာရှင် ) စတာတွေမှာလည်း PR ဟာ လိုအပ်ပါတယ်။ 


PR ရဲ့ လုပ်ဆောင်ချက်များ 

ကိုယ့် ကုမ္ပဏီ ရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေ၊ အဖွဲ့အစည်းရဲ့ ပုံရိပ်ကောင်းမွန်စေဖို့ ၊ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိစေဖို့ ဆောင်ရွက်ပေးရတာမျိုးဖြစ်ပါတယ်။ ဒီလုပ်ငန်းအဖွဲ့အစည်းဟာ ဘာတွေလုပ်ဆောင်နေသလဲ၊ ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေတာလဲ၊ ဘယ်လိုထုတ်ကုန်တွေ ထုတ်လုပ်နေတာလဲ ဆိုတာကို အစိုးရ၊ ပြည်သူလူထုနဲ့အတူ ကိုယ့်ရဲ့ Customer တွေဆီကို အရောက်ပို့ဆောင်ပေးရတာမျိုးတွေ ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုရင် PR တစ်ယောက်ဟာ ကိုယ့်အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေ၊ ကိုယ့်အလုပ်ရှင်ရဲ့ ရည်မှန်းချက်တွေကုိ သိထားဖို့ လိုအပ်တဲ့အပြင် ကိုယ့်ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုပါ သိထားဖို့ လိုအပ်ပါတယ်။ 

PR ဆိုတာကတော့ ကိုယ့်ရဲ့ ကုမ္ပဏီ ၊ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ပြည်သူလူထုကြားထဲ ရောက်ရှိသွားအောင် ၊ ကိုယ့်ကုမ္ပဏီ ရဲ့ အကြောင်းကို လူထုကြား သိသွားအောင် ဖြန့်ပေးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

PR တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရာများ 

 PR လောကထဲကို ဝင်ချင်သူတစ်ယောက်အနေနဲ့ ဘာသာစကား (အထူးသဖြင့် - အင်္ဂလိပ်စာ) ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ Digital ပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာ ဆော့ဝဲလ်တွေကို အသုံးပြုတတ်သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပြီး Presentation Skills တွေ ၊ Personality Skills တွေနဲ့အတူ လူအများနဲ့ ပြောဆိုဆက်ဆံဆောင်ရွက်ရတဲ့ အလုပ်ဖြစ်တဲ့အတွက်ကြောင့် စကားပြောဆိုမှုပိုင်းဆိုင်ရာ နဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ယောက် ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ 

PR တစ်ယောက်က ဘာတွေလုပ်ရမှာလဲ 

PR တစ်ယောက်က ဘာတွေလုပ်ရမှာလဲဆိုတာကိုလည်း သိချင်ကြမှာပါ။ PR တစ်ယောက်ဖြစ်လာပြီဆိုရင် 

သတင်းရေးသားထုတ်ပြန်တာတွေ၊ အင်တာဗျုးလုပ်ဆောင်ရတာတွေ၊ သတင်းစာရှင်းလင်းပွဲလုပ်ဆောင်တာတွေ အပြင် ကိုယ်ရဲ့ သတင်းတွေဟာ ဘယ်လို မီဒီယာတွေမှာ ပါဝင်နေလဲ၊ ကောင်းသတင်းလား၊ ဆိုးသတင်းလား ပြိုင်ဖက်ကုမ္ပဏီတွေရဲ့ သတင်းတွေကရော ဘယ်လိုရှိသလဲဆိုတာတွေကို media monitoring တွေ လုပ်ဆောင်ရတာဖြစ်ပါတယ်။ 


PR တစ်ယောက်ရဲ့ ရှိရမယ့် အရည်အချင်းတွေက 

-စကားပြောဆိုမှုပိုင်းဆိုင်ရာကောင်းမွန်ရပါမယ်

-အရေးအသားကောင်းမွန်ရပါမယ် 

-နည်းပညာနဲ့ အကျွမ်းတဝင်ရှိရပါမယ် 

-Presentation skills ကောင်းမွန်ရပါမယ် 

-ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရပါမယ် 

-အစီအစဉ်ကောင်းတွေ ဖန်တီးနိုင်သူဖြစ်ရပါမယ် 

-မတူညီတဲ့ မီဒီယာတွေရဲ့ ပုံစံတွေကို သိနားလည်သူဖြစ်ရပါမယ် 

ဒီ အရည်အချင်းတွေကို ပိုင်ဆိုင်မယ်၊ ကိုယ်တိုင်လည်း PR ပိုင်းကို စိတ်ဝင်တစား လုပ်ဆောင်လိုတယ်ဆိုရင်တော့ PR အလုပ်အကိုင်တွေကို လျှောက်ထားပြီး ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို အောင်မြင်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းပါရစေ။

ဆက်လက်ပြီး နည်းပညာကျွမ်းကျင်သူတွေက လုပ်ငန်းခွင်မှာ သူများထက် ပိုသာတဲ့အချက်များ နဲ့ HR လောကထဲဝင်မယ်ဆိုရင် မဖြစ်မနေသိထားရမယ့်အရာများ ကိုဆက်လက်ဖတ်ရှုလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/34ydLi9   ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။

 

Share

Loading Next Article...
က္က