In partnership with  logo
ပိုက်ဆံစုတတ်တဲ့ အကျင့်က သင့်အမြင်တွေပါ ပြောင်းစေနိုင်ပါတယ်
Nyein Min Wai

ပိုက်ဆံစုတတ်တဲ့ အလေ့အထတစ်ခုက ကျွန်တော်တို့ရဲ့ ဘဝကိုပါ ပြောင်းလဲစေနိုင်တယ်ဆိုရင် တစ်ချို့တွေ အံ့ဩနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ငွေစုခြင်းဟာ သင့်ကို သိသာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်စေပါလိမ့်မယ်။

ငွေစုခြင်းကြောင့် ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုရင်တော့- 




(၁) လူနေမှုပုံစံ

ငွေစုခြင်းဟာ ပုံမှန်နေရိုးနေစဉ်ဘဝကနေ စည်းစနစ်ပိုကျတဲ့ Lifestyle ပုံစံ ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။ ပိုက်ဆံစုနေတဲ့လူဟာ အရင်လို အသုံးအစွဲကို ထင်သလို သုံးဖြုန်းလို့ မရတော့ပါဘူး။ ငွေကို စည်းနဲ့ ကမ်းနဲ့ သုံးစွဲရတော့မှာပါ။ တစ်ဖက်မှာလည်း ကိုယ်မှန်းထားတဲ့ Saving Plan မီဖို့အတွက် ခြိုးခြံတဲ့ အလေ့အထကို အားကောင်းအောင် မွေးရတော့မှာပါ။


(၂) ငွေကြေးအမှီအခိုကင်းမှု


ငွေစုဆောင်းတဲ့ အလေ့အကျင့်ကောင်းက သင့်ကို ကြွေးမြီကင်းတဲ့ ဘဝတစ်ခုဖြစ်အောင် ပုံဖော်ပေးနိုင်ပါတယ်။ ကိုယ့်မှာ စုဆောင်းငွေလေး ရှိတော့ ဘယ်သူ့ဆီကမှ ငွေချေးငှားဖို့ မျက်နှာအောက်ချစရာ မလိုတော့ဘဲ တင့်တင့်တယ်တယ် နေနိုင်ပါလိမ့်မယ်။

ထိုက်သင့်တဲ့ ငွေကြေးလေးတွေ ရှိတာကြောင့် ကိုယ့်ကလေးတွေ ကျောင်းကောင်းကောင်း ထားနိုင်မယ် ၊ စီးပွားရေးလေး ဘာလေးလုပ်နိုင်ပါလိမ့်မယ်။ လိုချင်တာလေးတွေ ဝယ်နိုင်ပါလိမ့်မယ်။


(၃) စိတ်နေစိတ်ထား

ငွေစုတတ်တဲ့ အကျင့်ဟာ စိတ်နေသဘောထားကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ငွေစုရင်းနဲ့ သိလာမယ့် အချက်က ကျွန်တော်တို့ဟာ တစ်ချို့အရာတွေ မလိုအပ်ဘဲ နေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

အကောင်းစား တန်ဖိုးကြီး စမတ်ဖုန်းတစ်လုံး မရှိဘဲ ၊ ထမင်းတစ်နပ်အတွက် ငွေသောင်းချီ အကုန်အကျခံစရာမလိုဘဲ ၊ အဝတ်အစားအတွက် သိန်းချီတန် ဘောင်းဘီနဲ့ အင်္ကျီ မဝတ်ဘဲနဲ့လည်း ကျွန်တော်တို့ အဆင်ပြေနိုင်တယ်ဆိုတာမျိုးပါ။ တကယ့်ကို ရိုးရိုးသားသား ခြိုးခြိုးခြံခြံနဲ့ နေကြည့်တဲ့အခါမှာလည်း အေးအေးလူလူ နေနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါကလည်း တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံတစ်ခုပဲ မဟုတ်လား။




ဆက်စပ်အကြောင်းအရာများ


Author


က္က