Green Book က အကောင်းဆုံး ရုပ်ရှင်ကားဆု၊ Rami Malek က Bohemian Rhapsody ရုပ်ရှင်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ Olivia Colman က The Favourite ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။
Photo - Oscar.go.com
၂၀၁၉ ဖေဖော်ဝါရီလ ၂၄ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်မြို့ရှိ Dolby Theatre မှာ ၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Bohemian Rhapsody က ဆုပေါင်း ၄ ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး Black Panther နဲ့ Roma က ဆု ၃ ဆုဆီ ရရှိခဲ့ကြောင်း Oscar.go.com မှာ ဖော်ပြထားချက်အရ သိရပါတယ်။
Bohemian Rhapsody ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ အော်စကာဆု ၄ ဆုက အမျိုးသားဇာတ်ဆောင်ဆု (Rami Malek) ၊ အသံပေါင်းစပ်မှုဆု (John Casali, Tim Cavagin and Paul Massey) ၊ ရုပ်ရှင်တည်းဖြတ်ဆု
(John Ottman) နဲ့ အသံတည်းဖြတ်ဆု (Nina Hartstone and John Warhurst) တို့ ဖြစ်ပါတယ်။
Bohemian Rhapsody ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ Rami Malek (Photo - oscar.go.com)
Black Panther က နောက်ခံတေးဂီတဆု၊ အဝတ်အစားဒီဇိုင်းဆု၊ ထုတ်လုပ်ရေးဒီဇိုင်းဆုတို့ကို ရရှိခဲ့ပြီး Roma က ဒါရိုက်တာဆု၊ နိုင်ငံခြားဘာသာစကားရုပ်ရှင်ဆု၊ ရုပ်ရှင်ရိုက်ကူးမှုဆုတွေကို အသီးသီး ဆွတ်ခူးခဲ့ပါတယ်။
(ဝဲမှ ယာ) အမျိုးသမီးဇာတ်ဆောင်ဆုရ Olivia Colman ၊ အမျိုးသားဇာတ်ပို့ဆုရ Mahershala Ali နှင့် အမျိုးသမီးဇာတ်ပို့ဆုရ Regina King (Photo - Oscar.go.com)
၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲ ဆုစာရင်း
Best Picture (အကောင်းဆုံးရုပ်ရှင်ကားဆု)
“Green Book”
Director: (ဒါရိုက်တာဆု)
Alfonso Cuarón, “Roma”
Actor: (အမျိုးသားဇာတ်ဆောင်ဆု)
Rami Malek, “Bohemian Rhapsody”
Actress: (အမျိုးသမီးဇာတ်ဆောင်ဆု)
Olivia Colman, “The Favourite”
Supporting Actor: (အမျိုးသားဇာတ်ပို့ဆု)
Mahershala Ali, “Green Book”
Supporting Actress: (အမျိုးသမီးဇာတ်ပို့ဆု)
Regina King, “If Beale Street Could Talk”
Original Screenplay: (မူရင်း ဇာတ်ညွှန်းဆု)
“Green Book”
Adapted Screenplay: (မူရင်းမှ ပြန်လည်ပြင်ဆင်ထားသော ဇာတ်ညွှန်းဆု)
“BlackKklansman”
Foreign Language Film: (အင်္ဂလိပ်စကားပြောမဟုတ်သော နိုင်ငံခြားဘာသာစကား ရုပ်ရှင်ဆု)
“Roma”
Animated Feature: (Amination ဇာတ်ကားဆု)
“Spider-Man: Into the Spider-Verse”
Sound Editing: (အသံတည်းဖြတ်ဆု)
“Bohemian Rhapsody”
Visual Effects:
“First Man”
Film Editing: (ရုပ်ရှင်တည်းဖြတ်ဆု)
“Bohemian Rhapsody”
Animated Short: (Animation ဇာတ်လမ်းတိုဆု)
“Bao”
Live Action Short: (သက်ရှိနဲ့ ကာတွန်း ရောနှော ဇာတ်လမ်းတိုဆု)
“Skin”
Documentary Short: (မှတ်တမ်းဇာတ်လမ်းတိုဆု)
“Period. End of Sentence.”
Original Score: (နောက်ခံတေးဂီတဆု)
“Black Panther”
Original Song: (ဇာတ်ဝင်တေးဆု)
“Shallow” from “A Star Is Born”
Production Design: (ထုတ်လုပ်ရေးဒီဇိုင်းဆု)
“Black Panther”
Cinematography: (ရုပ်ရှင်ရိုက်ကူးရေးဆု)
“Roma”
Costume Design: (အဝတ်အစားဒီဇိုင်းဆု)
“Black Panther”
Makeup and Hairstyling: (မိတ်ကပ်နှင့် ဆံပင်ပုံစံဆု)
“Vice”