လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာတော့ အဲ့ဒီ ကြိုတင်မဲပုံးထဲကို တမင်တကာ ရေလောင်းထည့်ခဲ့တာဖြစ်ကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။

ပုသိမ်မြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ အိမ်တိုင်ရာရောက် ကြိုတင်မဲတွေလိုက်လံကောက်ခံခဲ့စဉ် မိုးရွာသွန်းရာကနေ မဲပုံးအတွင်း မိုးရေများစိမ့်ဝင်မှုဖြစ်ပွားခဲ့တယ်လို့ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကသိရပါတယ်။



ကြိုတင်မဲပုံးထဲ မိုးရေစိမ့်ဝင်ခဲ့မှုကြောင့် ဆန္ဒမဲပေးပြီးသာ မဲလက်မှတ် ၂၀ ကျော်လောက် ရေစိုခဲ့ပေမယ့်လည်း အဲ့ဒီဆန္ဒမဲတွေကို ပယ်မဲအဖြစ်မသတ်မှတ်ဘဲ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာပဲ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာမှာတော့ အဲ့ဒီ ကြိုတင်မဲပုံးထဲကို တမင်တကာ ရေလောင်းထည့်ခဲ့တာဖြစ်ကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။

 ဒီကိစ္စနဲပတ်သက်ပြီး ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးငွေစိုးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ရေစိုသွားတဲ့မဲက ၂၀ ကျော် ၂၅ လောက်ပဲရှိတယ်။ လူတွေကတော့ ခုပြောနေတာက ကောလာဟလက ရေလောင်းထည့်တာတို့ဘာတို့ပေါ့။ တကယ်က မဟုတ်ပါဘူး။ ငါသွားစစ်ပြီးတော့ သေချာ ပလတ်စတစ်နဲ့ပတ်တယ် ၊ တိတ်နဲ့သေချာဆွဲပတ်ထားပြီး နယ်မြေခံရဲစခန်းမှာ သွားအပ်ထားတယ်။ ရေထိတဲ့နေရာကတော့စာအိပ်လေးတွေကွက်နေတာပေါ့။ ကျန်တာတွေကတော့ဒီအတိုင်းပဲ။ Home Stay မြို့နယ်ဆိုတော့ အိမ်တိုင်ရာရောက်ကောက်ရတယ်လေ။ နောက်ပြီး အဲ့ဒီမဲတွေက ပယ်မဲလည်း မဖြစ်ဘူး အကုန်ထည့်ရေမှာပါ”လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာလည်း ဆန္ဒမဲစာရွက်ရေစိုသဖြင့် ပယ်တယ်ဆိုတာမရှိကြောင်း၊ ဆန္ဒမဲလက်မှတ်တွေနဲ့ပတ်သက်ပြီး တိုင်းကော်မရှင်ရဲ့သဘောထားမှတ်ချက်လည်း ရယူပြီးဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် မဲပုံးထဲရေလောင်းထည့်တယ်ဆိုတဲ့ ကိစ္စသည်လည်း သတင်းအမှားသာဖြစ်ကြောင်း၊ ဖြစ်စဉ်အမှန်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပုသိမ်မြို့ ရပ်ကွက် ၁၄ မှာ ကြိုတင်မဲ လိုက်လံကောက်ယူနေချိန် မိုးရွာသဖြင့် ရပ်ကွက်အတွင်း နေအိမ်တစ်ခုတွင် ဝင်ရောက်နားခိုခဲ့ရာ၊ ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့နေအိမ်ဖြစ်တာကြောင့် မဲပုံးကို နေအိမ်ပေါ်မတင်ဖို့ ကြိုတင်မဲကောက်ရာမှာ ပါဝင်ခဲ့တဲ့ပါတီဝင်တွေက ပြောဆိုမှုကြောင့် ယခုလို မဲပုံးအတွင်း မိုးရေဝင်ခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က