In partnership with  logo
ရည်ရွယ်ချက်ရှိရှိလုပ်သွားတာလို့ ပြောပါတယ်
Nyein Min Wai

ရေနံချောင်းမြို့ ရွှေကြာငုံရပ်ကွက် မဲရုံအမှတ် (၁) မှာ မဲလာပေးသူတစ်ဦးမှ UEC အမှန်ခြစ်မဲတံဆိပ်တုန်းပြားကို ခွာယူပြီး ပြောင်းပြန်ပြန်တပ်ထားခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့မနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပါတယ်။

မဲလာပေးပြီး ပြန်သွားတဲ့ မဲဆန္ဒရှင်တစ်ဦးမှ တံဆိပ်တုံးကို ဖြုတ်ပြီး ပြောင်းပြန်ပြန်တပ်ခဲ့ရာကနေ တံဆိပ်တုံးမျက်နှာပြင် အတွင်းဘက် ဝင်သွားခဲ့တာကြောင့် မဲတံဆိပ်နှိပ်မရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။



သတင်းနှင့်ဓာတ်ပုံ- Magway Post


"တမင်ပေါ့။ ရိုက်နေတဲ့ တံဆိပ်တုံးကို နောက်လူတွေ ရိုက်လို့မရအောင် ပြောင်းပြန်လှန်ပြီး အတွင်းထဲ ပြန်ထည့်ခဲ့တာ။ တံဆိပ်တုံးက ခွာလို့ရတယ်။ ခွာပြီး ပြောင်းပြန်တပ်သွားတာ" လို့ ရွှေကြာငုံ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးရဲအောင်က ပြောပါတယ်။

အခင်းဖြစ်စဉ်အစပိုင်းမှာ မဲဆန္ဒရှင်မှ တံဆိပ်တုံးပြား ခွာယူသွားတယ်လို့ထင်ခဲ့သော်လည်း တံဆိပ်ကို ပြောင်းပြန်တပ်သွားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့တာလို့ ကော်မရှင်တာဝန်ရှိသူတွေက ဆိုပါတယ်။

"သေသေချာချာ ကြည့်တော့ အနီရောင်အပိုင်းကို ပြောင်းပြန် ပြန်ပြီးထည့်သွားတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သွားတာပါ။" လို့ ဦးရဲအောင်က ဆိုပါတယ်။

တံဆိပ်တုံးပြောင်းပြန် တပ်သွားသူကို တိတိကျကျ မသိရတာကြောင့် အ‌ရေးယူဆောင်ရွက်ဖို့ မရှိသေးဘူးလို့လည်း ရပ်/ကျေး ကော်မရှင်က ဆိုပါတယ်။ အဆိုပါမဲရုံမှာမဲဆန္ဒရှင် ၆၀၀ ကျော် မဲပေးရမှာ ဖြစ်ပြီး ယခုမနက်ပိုင်းမှာ မဲပေးသူဦးရေ ၂၀၀ ခန့် ရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က