In partnership with  logo
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဦးသန်းဌေး ဝင်ရောက်ယှဥ်ပြိုင်တဲ့ နယ်မြေဖြစ်ပါတယ်။
Ei Ei Mar

ဒီကနေ့ (နိုဝင်ဘာလ ၈)ရက်နေ့ ညနေ ၄ နာရီကစလို့ တစ်နိုင်ငံလုံးက မဲရုံတွေမှာ မဲစတင်ရေတွက်နေရာမှာ မဲရုံအတော်များများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အသာရနေရုံသာမက တပ်နယ်မြေလို့ သုံးနှုန်းလေ့ရှိတဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာပါ မဲတစ်ဝက်ကျော် ရေတွက်ပြီးချိန် ည ၁၀ နာရီကျော်အထိ အသာရနေတယ်လို့ သိရပါတယ်။



ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဦးသန်းဌေး ဝင်ရောက်ယှဥ်ပြိုင်တဲ့ နယ်မြေမှာ NLD က အသာရနေတာဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်မှာဆိုရင် တပ်မဲရုံ ၁၆ ရုံရှိပြီး မဲရုံစုစုပေါင်း ၇၄ ရုံရှိရာမှာ ၅၀ ရုံ ရေတွက်ပြီး ဖြစ်ပါတယ်။

တပ်မဲရုံ ၁၁ ရုံအပါအဝင် မဲရုံ ၅၀ ရုံမှာ ပြည်သူ့လွှတ်တော်အတွက် NLD က ၁၆၅၂၂ မဲ၊ USDP ၁၆၁၂၂ မဲ ရရှိပြီး မဲအနည်းငယ်နဲ့ အသာရနေတာပါ။ ဆက်လက်ရေတွက်ရန် မဲရုံ ၂၄ ရုံ ကျန်ရှိပါတယ်၊

ယနေ့မနက်ပိုင်းကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော် ဇေယျာသီရိမြို့ အနော်ရထာရပ်ကွက်မှာ ရှိတဲ့ မဲရုံအမှတ် (၁) မှာ လာရောက်မဲပေးခဲ့ပါသေးတယ်။ 

၂၀၁၅ ရွေးကောက်ပွဲတုန်းက ဇေယျာသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် USDP က ၃၆၇၀၄ မဲ၊ NLD က ၂၀၈၅၆ မဲရရှိကာ USDP က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


Author


က္က