In partnership with  logo
ဒီနေ့ည (၈)နာရီဝန်းကျင်မှာ USDP Yangon Region Page ကနေ ပြန်လည်တောင်းပန်ခဲ့တာပါ
Htar Htar Wai

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ " ဆရာ/ဆရာမအများစုက NLD ထောက်ခံသူများဖြစ်ပြီး ကြားနေ ဆရာ၊ဆရာမများ မဖြစ်သည်ကို တွေ့ရပါတယ် " လို့ ကွန်ပျူတာ တာဝန်ခံက မှားယွင်းရိုက်နှိပ်ခဲ့တာဖြစ်ပြီး ပါတီညွှန်ကြားချက်မဟုတ်ဘူးလို့ USDP တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

ဒီထုတ်ပြန်ချက်အတွက် မီဒီယာတာဝန်ခံရဲ့ ပြောဆိုမှုအပေါ် ကွန်ပျူတာတာဝန်ခံက ရိုက်နှိပ်ပေးခဲ့တာဖြစ်ပြီး ပင်ပန်းမှုကြောင့် မှားရိုက်တာဖြစ်နိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူး ဒေါက်တာကျော်စိုးက Duwun ကို ပြောပါတယ်။



" အကြောင်းအရာကတော့ ပြန်ပြီးတောင်းပန်လိုက်တာပါ ။ တောင်းပန်ချက်စာက အစစ်ပါ ။ မီဒီယာတာဝန်ခံက စာခေါ်ပေးတယ် ။ ကွန်ပျူတာသမားက ရိုက်တယ် ။ စာလုံးအကျ အပေါက်နဲ့သူတို့အိုင်ဒီယာနဲ့ နည်းနည်းရှုပ်ကုန်တာ ။ သူတို့လည်း ခံစားချက်ရှိတယ်နဲ့ တူပါတယ်။ကျွန်တော်တို့ ညွှန်ကြားချက်က အဲဒါမဟုတ်ပါဘူး ။ ပါတီသဘောထား မူဝါဒလည်းမဟုတ်ပါဘူး။ပင်ပန်းတော့လည်း အိပ်ချင်မူးတူးနဲ့ ရိုက်တယ်နဲ့ တူပါတယ်။အိုင်ဒီယာလွဲပြီး ဒီလိုဖြစ်သွားတာ " လို့ ဒေါက်တာကျော်စိုးက Duwun ကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၏ အားနည်းချက်များကို ဖော်ပြတဲ့ စာပိုဒ်(၁)အဆုံးတွင် " ဆရာ/ဆရာမအများစုက NLD ထောက်ခံသူများဖြစ်ပြီး ကြားနေ ဆရာ၊ဆရာမများ မဖြစ်သည်ကို တွေ့ရပါတယ် " လို့ ရိုက်နှိပ်ဖော်ပြ ၊ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဖော်ပြလိုတဲ့ စာပိုဒ်အစစ်အမှန်က " ဆရာ/ဆရာမအများစုက NLD ထောက်ခံသူများဖြစ်ပြီး ကြားနေ ဆရာ၊ဆရာမများ ဖြစ်သည်ကို တွေ့ရပါတယ် " ဖြစ်ပြီး ဒီလိုမှားယွင်းမှုအတွက် မြန်မာတစ်နိုင်ငံလုံးက ဆရာ/ဆရာမအားလုံးကို ပါတီက အနူးအညွတ်တောင်းပန်တယ်လို့ USDP ပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူးက တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။

စွပ်စွဲရေးသားချက်တွေက ဩဆရာ၊ဆရာမတွေရဲ့ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားတာကြောင့် ဆရာ၊ဆရာမထုကို ပြန်လည်တောင်းပန်ဖို့ မြန်မာနိုင်ငံ ဆရာဆရာမများ အဖွဲ့ချုပ်ကလည်း တောင်းဆိုကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြန်လည်တောင်းပန်ကြောင်း ဒီနေ့ညမှာပဲ ပြန်လည် ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က