ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိပိုင်ဆိုင်ခဲ့တာပါ။

ဇာတ်ညွှန်း ဆု ရရှိသွားတဲ့ ဒါရိုက်တာဝိုင်း

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုုကို ‘’ ရွှေကြာ ‘’ ဇာတ်ကားနဲ့   ဝိုင်း က ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်တွေ အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားခဲ့ရတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ သူ့အတွက် ဝမ်းသာပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။


‘’ ကျိန်းသေတာ တစ်ခုကတော့ ပရိသတ်ကို စေတနာထားပါတယ်။ စေတနာ ရောင်ပြန်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ၂၃ နှစ်ကတည်းကနေ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သင်ကြားပေးခဲ့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အဖွဲ့များ သရုပ်ဆောင်များကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီ့ထက်ပိုကောင်းအောင် ကြိုးစားပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ပြောပြလာပါတယ်။


ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။



၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။


ဆက်စပ်အကြောင်းအရာများ



က္က