ပထမဆုံး ဆုပါ။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကား ဆုကိုတော့ ရွှေကြာ ရုပ်ရှင်ဇာတ်ကား နဲ့ ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးက ရရှိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ် အကြိုက်နဲ့ ထပ်တူ ကျခဲ့တဲ့ ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။



'' ကျွန်မတို့ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထုတ်လုပ်ထားတဲ့ ရွှေကြာဇာတ်ကားကို ဆုချီးမြင့်ပေးတဲ့ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။ ဒီဆု ကို ရရှိတာကလည်း ကိုဝိုင်း အရမ်းတော်လို့ပါ။ စာရေးဆရာမ ပုညခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ရွှေကြာ တစ်ဖွဲ့သားလုံးရဲ့ ကြိုးစားမှုကြောင့် ဒီဆုကို ရရှိတာပါ။ ဇာတ်ကား ရုံတင်တဲံ အချိန်ကနေ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ါတယ်'' လို့ ဒေါ်လေးသန္တာမြင့်က ပြောခဲ့ပါတယ်။

ရွှေကြာ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဝိုင်း ပုံဖော်ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ဖွေးဖွေး၊ သင်ဇာဝင့်ကျော်နဲ့ အလင်းရောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်ညွှန်းဆု အနေနဲ့ ဒါရိုက်တာ ဝိုင်းကလည်း ရရှိခဲ့သလို တည်းဖြတ် ဆု အနေနဲ့ လည်း ရရှိပိုင်ဆိုင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။


ဆက်စပ်အကြောင်းအရာများ



က္က