အားလုံးကို ကျေးဇူးတင်တယ်တဲ့။

သရုပ်ဆောင် အေးဝတ်ရည်သောင်းကို “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြာဥကာရိုက်တာနဲ့ ပရိသတ်တွေက အကယ်ဒမီ ရစေချင်ကြတာပါ။ အကယ်ဒမီဆု လွဲသွားခဲ့တာနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

 

Photo : amazing Grace



သရုပ်ဆောင် အေးဝတ်ရည်သောင်းကို မုန်းစွဲ ဇာတ်ကားကြီးနဲ့ ပရိသတ်တွေက အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိစေချင်ကြပေမယ့်လည်း အကယ်ဒမီဆုနဲ့ လွဲသွားတဲ့အပေါ် အားလုံးစိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒါပေမဲ့လည်း အေးသောင်းအနေနဲ့ အကယ်ဒမီဆုနဲ့ လွဲသွားခဲ့ပေမယ့် မိတ်တွေအစစ်ေ တွရလိုက်ရလို့ ဝမ်းသာနေတယ်လို့ ဆိုပါတယ်။

“အနုပညာရှင်တစ်ယောက်အတွက်က အောင်မြင်မှုဆိုတာ အမြဲတမ်း မတည်မြဲနိုင်ဘူး။ အောင်မြင်လိုက် ကျရှုံးလိုက် ဖြစ်နေမှာပဲ၊ အနုပညာရှင်တွေ အတွက်ကျတော့ မိတ်ဆွေကောင်းကပိုရှားတယ်။ အောင်မြင်တဲ့ သူတွေမှာ မိတ်ဆွေအစစ်ရှားတယ်ဆိုတာ လူတိုင်းလည်း သိမှာပါ။ ဒါပေမဲ့ ပေါက်စီအနေနဲ့ ဒီလိုအချိန်လေးမှာ ကိုယ့်ကိုအားပေးတဲ့သူတွေနှစ်သိမ့်တဲ့သူတွေအများကြီးတွေ့ရတဲ့အတွက်ကြောင့် သူများတွေ ရှားပါးတဲ့ အချိန်မှာ ကိုယ့်မှ တကယ်တန်ဖိုးရှိတာတွေအများြ့ကီးတွေ့လိုက်ရတဲ့အတွက် ကျေးဇူးတင်တယ်။ အရမ်းလည်းဝမ်းသာတယ်။ “ လို့ မတ်လ(၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ 29 ရတနာဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo ; အေးသောင်း

အားလုံးက ကိုယ်ချစ်တဲ့ အနုပညာရှင်တိုင်းကို အကယ်ဒမီဆု ရစေချင်ကြသလို သူမကိုလည်း သူမကိုချစ်တဲ့ ပရိသတ်တွေက ဆုရစေချင်ကြတဲ့ အပေါ် နားလည်ပါတယ်လို့ ဆိုပါတယ်။

“ကိုယ်နဲ့အလုပ်လုပ်ဖူးတဲ့သူတွေကတော့ အကယ်ဒမီရစေချင်ကြတယ်။ ဒါကတော့လူတိုင်းပါပဲ။ အနုပညာရှင်တိုင်းမှာ သူ့Fanဆိုတာ ရှိတာလေနော်။ ကိုယ့်ကိုချစ်တဲ့သူတွေကလည်း ကိုယ့်ကို ရစေချင်တယ်။ သူ့ကို ချစ်တဲ့သူတွေကလည်း သူ့ကို ရစေချင်တယ်။ ဒါကတော့ လူတိုင်း ဖြစ်နေမှာပါ။ ပေါက်စီကို ရစေချင်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်တယ်” လို့ သူမက ဆိုပါတယ်။

Photo : amazing Grace

အေးသောင်းအနေနဲ့ အကယ်ဒမီဆု ရခဲ့သည်ရှိသော် မရခဲ့သည်ရှိသော် မုန်းစွဲ ဇာတ်ကားကြီးဟာ သူ့မအတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့ ပြောပါတယ်။

၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က