ကြာဥ ကာရိုက်တာလေးနဲ့ ဇာတ်ပို့ဆု ရစေချင်နေကြပါတယ်။

ကြာဥလို့ ချစ်စနိုးခေါ်ကြတဲ့ မအေးသောင်းက အကယ်ဒမီပွဲတက်ဖို့ စိတ်လှုပ်ရှားနေပါပြီတဲ့။ ပရိသတ်တွေကလည်း သူမကို ဇာတ်ပို့ ဆု ရရှိစေချင်နေကြပါတယ်။

Photo: Aye Thaung



ပရိသတ်တွေရဲ့ အချစ်တော်မလေး မအေးသောင်းကတော့ မကြာခင်ကျင်းပတော့မယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရင်ခုန်နေပါပြီတဲ့။

‘’ ဒီနေ့က အကယ်ဒမီနေ့ဆိုတော့ ဒီနေ့ နည်းနည်းရင်ခုန်နေတယ်။ အမျိုးတွေရော ရင်ခုန်နေပြီလား ရှင့်’’ ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ ဗီဒီယို ဖိုင်လေးကနေတဆင့် ပြောခဲ့တာဖြစ်ပါတယ်။

Photo: Aye Thaung

မအေးသောင်းကိုတော့ ပရိသတ်တွေက မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးထဲက ကြာဥ ကာရိုက်တာနဲ့ ဇာတ်ပို့ဆုကို ရရှိစေချင်ကြတာ ဖြစ်ပါတယ်။ ဒီအတွက် အေးသောင်းရဲ့ ဆွေမျိုးတွေနဲ့ အတူ ဖခင်ဖြစ်သူကလည်း သမီးငယ် အေးသောင်းအတွက် စိတ်လှုပ်ရှားနေတဲ့အကြောင်းကို မကြာသေးခင်က ဖေ့စ်ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။

Photo: Aye Thaung

အေးဝတ်ရည်သောင်းရဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံက ဖန်တီးချုပ်လုပ်ပေးထားတာပါ။ လက်ဝတ်ရတနာတွေကိုတော့ ဇွဲထက်က စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ မိတ်ကပ်ကိုတော့ နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မေဦးက လိမ်းခြယ်ပေးထားတာပါ။

Photo: Aye Thaung

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က