ဘယ်သူရမယ်ထင်လဲ။

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးက မကြာခင်မှာပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မတ်လ(၂၃) ရက်နေ့ The One Entertainment Park မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဘယ်အနုပညာရှင်တွေက အကယ်ဒမီ ဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိမလဲဆိုတာ စောင့်မျှော်နေသူအားလုံး ရင်ခုန်နေကြပါပြီ။

ဒီနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး မတိုင်ခင်မှာ အမျိုးသားဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေက နေတိုး၊ မြင့်မြတ်၊ ဇဏ်ခီနဲ့ အလင်းရောင်တို့ ဖြစ်ပါတယ်။ သူတို့တွေ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ဆန်ခါတင် (၂၅)ကားစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ (၂၅)ကားထဲမှာ နေတိုးက (၄)ကား၊အလင်းရောင်က (၄)ကား ၊ မြင့်မြတ်က (၃)ကား၊ ဇဏ်ခီက(၂)ကားပါဝင်ထားကြပါတယ်။

Photo : နေတိုး

နေတိုးပါဝင်ထားတဲ့ ဇာတ်ကား (၄)ကားက မုန်းစွဲ၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ မီ၊ တိမ်တိုက်တံတားတို့မှာ ပါဝင်ထားတာဖြစ်ပြီး မြင့်မြတ်ပါဝင်ထားတဲ့ ဇာတ်ကား(၃)ကားက ဝိဉာဉ်စိမ်း၊ ကြတ်ဂူနဲ့ ငဒူဇာတ်ကားတို့ဖြစ်ပါတယ်။

အလင်းရောင်ပါဝင်ထားတဲ့ ဇာတ်ကား(၄)ကားက ကာဗွန်ဒိုင်အောင်ဆိုဒ်၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ သတို့သမီး ဇာတ်ကားတို့ဖြစ်ပြီး ဇဏ်ခီက ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ မုဒြာရဲ့ခေါ်သံဇာတ်ကားတို့ ပါဝင်ထားကြပါတယ်။

သူတို့လေးဦးက ဒီနှစ်အမျိုးသားဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေကြားမှာ ရေပန်းစားနေသူတွေဖြစ်ပါတယ်။


Photo :ဇဏ်ခီ

အမျိုးသား ဇာတ်ဆောင်နဲ့ပတ်သက်ပြီး ဘယ်သူတွေကို ရစေချင်လဲဆိုတဲ့ အကြောင်းကို ပရိသတ်တွေက ယခုလို ပြောပြထားကြပါတယ်။

‘ဇဏ်ခီကိုတော့ ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ ရစေချင်တယ်။ အဲဒီဇာတ်ကားကို ကြိုက်လွန်းလို့ ခဏခဏ ရုံမှာ သွားကြည့်ဖြစ်တယ်။ သူ သရုပ်ဆောင်တာ ကောင်းတယ်။ သဘောကျတယ်။ အကယ်ဒမီ ပေးပွဲကိုလည်း အားပေးဦးမှာပါ’’လို့ လသာမှာ နေထိုင်သူ နန်းမိုဆိုင်က Duwun ကို ပြောပါတယ်။

နေတိုးကို မုန်းစွဲ ဇာတ်ကားနဲ့ အကယ်ဒမီ ရစေချင်တယ်လို့ လသာမှာ နေတဲ့ ဖြူဖြူခိုင်က ဆိုပါတယ်။” နေတိုးကိုတော့ ကြိုက်တာတွေ အများကြီးပဲ။ သူ့ကို ဇာတ်ဆောင်ဆု တစ်ဆု ရစေချင်တယ်။ နေတိုးကို ‘’မုန်းစွဲ’’ ဇာတ်ကားနဲ့ ဇာတ်ဆောင်ဆု ရစေချင်တာ။ ဒီနှစ် အကယ်ဒမီကိုတော့ Facebook Live ကနေ တဆင့် အားပေးသွားမှာပါ”တဲ့။

မြင့်မြတ်နဲ့အလင်းရောင်ကိုလည်း အကယ်ဒမီဆုရစေချင်တဲ့ ပရိသတ်တွေ ရှိပါတယ်သေးတယ်။

“မြင့်မြတ်ကို ငဒူကားမှာရစေချင်တယ် အဲဒီကားထဲမှာသူရဲ့သရုပ်ဆောင်မှုကအရမ်းကောင်းတယ် သဘောကျတယ် သူသရုပ်ဆောင်ရတဲ့အခန်းတွေက ပရိတ်သတ်တွေကို ပညာရစေတဲ့ဇာတ်ဝင်ခန်းလေးတွေဖြစ်တယ်။ ပြီးတော့ အလင်းရောင်ကိုလည်း အကယ်ဒမီရစေချင်တယ်။”လို့ ယမင်းဖြိုး ကပြောပါတယ်။

Photo ; အလင်းရောင်၊မြင့ြ်မတ်

နေတိုးက ၂၀၀၉ခုနှစ်က မိုးညအိမ်မက်မြူ၊ ၂၀၁၅ခုနှစ်က နက္ခတ်မှားတဲ့တိုက်ပွဲ၊ ၂၀၁၇ခုနှစ်က တာတေကြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပြီး မြင့်မြတ်က ၂၀၁၇ခုနှစ်အတွက် ပေးအပ်တဲ့ အကယ်ဒမီပေးပွဲမှာ “အမှောင်မှာရွာချတဲ့မိုးတိမ် “ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

ဇဏ်ခီဇာတ်ကားတွေကတော့ ၂၀၁၈ခုနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပြီး ဇာတ်ကား(၂)ကားစလုံးဟာ ဆန်ခါတင်(၂၅)ကားထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အလင်းရောင်အတွက်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကြီးက ရင်ခုန်စရာပါ။ တက်သစ်စတစ်ယောက်အနေနဲ့ သူပါဝင်ထားတဲ့ ဇာတ်ကားတွေဟာ သူ့အတွက် အနုပညာအရည်အသွေးကို ပိုင်ပိုင်နိုင်နိုင်ချပြခွင့်ရတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

ရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကိုမတ်လ(၂၃)ရက်နေ့ ရန်ကုန်မြို့ရှိ The One Entertainment Park တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။



က္က