အရမ်းကို ပျော်ဖို့ ကောင်းလှပါတယ်။

ကျော်ကျော်ဗိုရဲ့ ညစာစားပွဲ ဗီဒီယိုဖိုင်ကို ကြည့်ရတဲ့ ပရိသတ်တိုင်း ကြည်နူးပီတိဖြစ်ရပါတယ်။ အနုပညာမောင်နှမတွေနဲ့အတူ သိုက်သိုက်ဝန်းဝန်းနဲ့ country Home Café မှာ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ခဲ့တာပါ။

 

Photo : ကျော်ကျော်ဗို



သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲကို မတ်လ(၂၅) က သူ့ရဲ့ နေအိမ်မှာ ဆိုင်ဖြစ်တဲ့ Country Home Café မှာ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဂုဏ်ပြုညစာစားပွဲကို အနုပညာမောင်နှမတွေက တက်ရောက်ခဲ့ကြပြီး ညစာစားပွဲကိုေ ပျာ်ရွှင်စွာ ဆင်နွဲခဲ့ကြပါတယ်။ညစာစားပွဲမှာ ကျော်ကျော်ဗိုက နေတိုုးနဲ့ အတူ သီချင်းတွေသီဆိုခဲ့ကြပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။

ကျော်ကျော်ဗိုရဲ့ ညစာစားပွဲကို နေတိုး၊ထွန်းထွန်း၊ ခင်လှိုင်၊ ဝတ်မှုံရွှေရည်၊ နန်းဆုရတီစိုး၊ဝါဆိုမိုးဦး၊ ဖြိုးလေး၊ G Fatt တို့အပြင် ဒါရိုက်တာတွေနဲ့ အခြားသော အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။ ကျော်ကျော်ဗိုရဲ့ အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲမှာေ ပျာ်နေတဲ့ အနုပညာရှင်တွေရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် ထည့်ပေးထားတယ်နော်။



သရုပ်ဆောင်ကျော်ကျော်ဗိုက သူ့ဘဝရဲ့ ပထမဦးဆုံး အကယ်ဒမီဆုကိုလှူဒါန်းဖို့အတွက်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီရွှေပြားကိုတော့ ရွှေတိဂုံစေတီတော်ကြီးမှာပဲ လှူဒါန်းသွားမယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရွှေတိဂုံဘုရား ထီးတော်မှာ လှူချင်ပါတယ်။ ဒီအလှူအတွက်လည်း မေးမြန်းစီစဉ်ရပါဦးမယ်။ ဟိုတစ်နေ့က သမီးလေး မွေးနေ့သွားတုန်းကတော့ ရွှေသင်္ကန်းကပ်နေတုန်းပဲဆိုတော့ ညန်းဆင်တွေဘာတွေ မဖြတ်လောက်သေးဘူးလို့ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo : နေတိုး

ကျော်ကျော်ဗိုဟာ ပရိသတ်တွေရဲ့ ဆုတောင်းပေးမှုကြောင့် ရရှိလာတဲ့ ဆုအတွက် ကုသိုလ်ကောင်းမှူ တွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့ လည်း ကုသိုလ်ရေစက်တွေ ဆုံချင်ပါသေးတယ်တဲ့။

‘’ ကျွန်တော့်ရဲ့ ဘဝမှာ အမှတ်တရ ဖြစ်ခဲ့တဲ့ အရာတွေမှန်သမျှ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော့်ရဲ့ အနန္တောအနန္တ ငါးပါးကို တစ်ဦးတည်းသိမ်းဆည်းထားတာထက် ပရိသတ်အားလုံးနဲ့ ရေစက်ဆုံချင်တာကြောင့် အလှူအတန်း တစ်ခုအနေနဲ့ အမြဲတမ်းလုပ်သွားဖို့ စိတ်ကူးရှိထားပါတယ်။ ဒီအကယ်ဒမီမှ မဟုတ်ပါဘူး ကျန်တဲ့ ဘာထူးချွန်ဆုပဲ ရရ၊ ဘယ်လို ဆုလာဘ်၊ ဘယ်လိုနေရာမှာပဲ ရရပါ’’ လို့ မတ်လ ၂၃ ရက်နေ့ က အကယ်ဒမီပေးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ကျော်ကျော်ဗိုဟာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲမှာ အမျိုးသားဇာတ်ပို့ဆုကို ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က