မနှစ်က သိန်း ၇၀ တန် ဖိနပ်ပုံစံမျိုးပါပဲ။

ရွှေမှုန်ရတီက အရမ်းကို လှပတဲ့ အနီရောင် ဒေါက်ဖိနပ်လေးကိုစီးပြီး ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူ အကယ်ဒမီပေးပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။ သူမရဲ့ ပွဲတက်ဖက်ရှင်ကိုတော့ မတွေ့ရသေးပါဘူး။

ရွှေမှုန်ရတီက ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ အရမ်းကို လှပတဲ့ ဒေါက်ဖိနပ် အနီရောင်လေးကို ဝတ်ဆင်လာတာ တွေ့ရပါတယ်။ သူမ ဝတ်ဆင်မယ့် ဖိနပ်ကိုတော့ ပရိသတ်တိုင်းက စိတ်ဝင်တစား ရှိလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတုန်းက ရွှေမှုန်ရတီဟာ သိန်း ၇၀ တန် ရွှေရောင် ဒေါက်ဖိနပ်ကို စီးလာခဲ့တာဖြစ်ပါတယ်။



‘’ညီမက နှစ်တိုင်း စင်ဒရဲလားဖိနပ်ကို ကန်ထရိုက်ယူထားတဲ့ သဘောပေါ့နော်။ ဒီနှစ်က သူထွက်တဲ့ ကာလာပေါ် မူတည်ပြီးတော့ စီးတာပေါ့။ သူ ဘာအရောင်ထွက်လာမလဲ ဆိုတာကို စောင့်နေတာ အနီရောင်ထွက်လာတော့ ဒီနှစ် စီးဖြစ်တယ်။ အနီဆိုတော့ အဖြူနဲ့ အလိုက်ဆုံးဆိုတော့ အဖြူလေး ဝတ်ဖြစ်တာ’’ ဆိုပြီးတော့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

အဲဒီနောက် ရွှေမှုန်ရတီရဲ့ အကယ်ဒမီ ပွဲတက် ဖက်ရှင်အလှကိုလည်း ရွှေထူးက အခုလို တင်စားပြောပြထားပါသေးတယ်။

‘’ကျွန်တော် ပြန်လိုက်ဖို့တောင် ကြိုးစားနေတယ်။ ကြွေတဲ့ သဘောကို ပြောရရင် ကျွန်တော် ပြန်လိုက်မလို့။ ပိုင်ဆိုင်ထားရတယ်လို့ မခံစားရသေးဘူး။ အသစ်ပြန်လိုက်ဖို့ စဉ်းစားတယ်ပေါ့။ အခုလည်း ပြန်ကြွေပြီးတော့ အကယ်ဒမီပေးပွဲ ပြန်တက်လာတဲ့ သဘောပါပဲ’’ ဆိုပြီးတော့လည်း ရွှေထူးက ပြောပြထားပါတယ်။

ရွှေမှုန်ရတီ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ငဒူ’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူမဟာ မြင့်မြတ်နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။ ရွှေမှုန်ရတီကိုတော့ ငဒူဇာတ်ကားထဲမှာ ခပ်စွာစွာ၊ ခပ်ကြမ်းကြမ်းနေတတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် မြင်ရမှာဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါ။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ မင်းသမီးဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါ။ ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ မင်းသမီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က