၂၀၁၈ ခုနှစ်အတွက် ရရှိသွားတာဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုကို ရုပ်ရှင်သရုပ်ဆောင်ကြီး မြင့်မြင့်ခင်က ရရှိခဲ့ပါတယ်။ ဒေါ်မြင့်မြင့်ခင်ရဲ့ အနုပညာသက်တမ်းကလည်း ၆၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုကိုတော့ အကယ်ဒမီများရှင် ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်မြင့်မြင့်ခင်က ရရှိသွားတာဖြစ်ပါတယ်။ ဒီဆုကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့တာပါ။



''

ကျွန်မ ဒီဆုကို ရဖို့ မမျှော်လင့်ပါဘူး။ တစ်သက်တာဆု ဆိုတာ အရမ်းကို ရခဲပါတယ်။ ဒီဆု နဲ့ ကိုက်ညီတဲ့ သူမှသာလျှင်ရတာပါ။ နောင်လာနောင်သားတွေလည်း ကျွန်မတို့လို တစ်သက်တာ ဆုကို ရရှိစေချင်ပါတယ်။ နားပန်းဆံ ဇာတ်ကားကို သီဆိုပေးတဲ့ သား ရန်အောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုသက် ကိုလည်း ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ အကယ်ဒမီ ဆု ရယူရင်း ပြောကြားခဲ့တာပါ။

အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ တို့ကို ရိုက်ကူးခဲ့ရတဲ့ အနုပညာရှင်ကြီးဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကလည်း လျှန်းလျှန်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အဆိုတော် မေဆွိရဲ့ မွေးသမိခင်ကြီးလည်း ဖြစ်ပါတယ်။


ဒေါ်မြင့်မြင့်ခင်ဟာ အခုဆိုရင် အသက် ၈၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ ၁၉၅၀ ခုနှစ်က စပြီး ဒါရိုက်တာ အောင်ကြီး ရိုက်ကူးတဲ့ ‘’ မာယာရှင်’’ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်တစ်ယောက်အဖြစ် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’ချစ်ညီမ’’ ၊ ‘’ဖြေလျှော့ခွေ’’၊ ‘’ မုန်းပါတယ် မောင့်ကို’’ ၊ ‘’မှတစ်ပါး အခြားမရှိ’’၊ ‘’မြင်းမိုရ်တောင်ဦး မကကျူးသား’’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ၅ ဆုုကိုလည်း ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်တော့ ဒေါ်မြင့်မြင့်ခင်ရဲ့ အနုပညာသက်တမ်းဟာ ၆၉ နှစ် ရှိပြီဖြစ်ပါတယ်။ 



၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က