အနုပညာမောင်နှမတွေကလည်း ပျော်နေကြပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံဆုကို ဒါရိုက်တာ ဝင်းလွင်ထက်က ရရှိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံဆုရှင်ကိုတော့ ‘’ မုန်းစွဲ’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဝင်းလွင်ထက်က ရရှိသွားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်အားပေးမှု များစွာ ရရှိပိုင်ဆိုင်သွားတဲ့ ဇာတ်ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။

‘’ ကျွန်တော် ပြောချင်တာက မုန်းစွဲ ဇာတ်ကားကြီးမှာ ပါခွင့်ရလို့ ဂုဏ်ယူပါတယ်။ ထုတ်လုပ်သူ ကိုရွှေမန်း၊ ဒါရိုက်တာ သြရသကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ အတူတူ ပင်ပန်းခံ ခဲ့ကြတဲ့ ရိုက်ကူးရေး အဖွဲ့သားတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ Team တစ်ခုလုံးမှာပါတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဘေးကနေ အမြဲတမ်း ပ့ံ့ပိုးပေးနေတဲ့ ဇနီး တုန်တုန့်ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒါရိုက်တာ ဝင်းလွင်ထက်ဟာ လူငယ်ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး အရင်က Music Video တွေ ရိုက်ကူးပုံဖော်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်အတွင်းက စပြီး ‘’ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ဇာတ်ကားကြီးကနေ ပထမဆုံး ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်လို့ လာပါတယ်။ အဲဒီနောက်မှာတော့ ‘’တိမ်တိုက်တံတား’’ ရုပ်ရှင်ဇာတ်ကား၊ ‘’ကိုယ်စောင့်နတ်’’ရုပ်ရှင်ဇာတ်ကား၊ ‘’မုန်းလို့ရရင် မုန်းချင်တယ်’’ ရုပ်ရှင်ဇာတ်ကားတို့ကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။


ဆက်စပ်အကြောင်းအရာများ



က္က