သူ့အတွက် ပထမဆုံးဆုပါ။

အကောင်းဆုံး ဒါရိုက်တာ ဆုကိုတော့ သြရသ က ရရှိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာ ဆုကို ‘’ မုန်းစွဲ‘’ ဇာတ်ကားနဲ့ ဒါရိုက်တာ သြရသ က ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်တွေ အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားခဲ့ရတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ သူ့အတွက် ဝမ်းသာပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။

‘’ ကျွန်တော့်ဆရာ ဦးညီညီထွန်းလွင် TV ကနေ ကြည့်နေမယ် ထင်ပါတယ်။ ကျွန်တော် ဆရာသင်ပေးခဲ့တဲ့ ရုပ်ရှင်အတတ်ပညာတွေနဲ့ သမိုင်းတစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။ကျွန်တော် ဆရာ့ရဲ့ ဂုဏ်ကျေးဇူးကို ဦးခိုက်ကန်တော့ပါတယ်ခင်ဗျာ။ ဇာတ်ကားကောင်းတွေ အများကြီး ကြားမှာ ပြိုင်ဆိုင်ခွင့်ရတဲ့အတွက်၊ ရိုက်ကူးခွင့်ရတဲ့အတွက်၊ အကောင်းဆုံး ဒါရိုက်တာ ဆုနဲ့ ထိုက်တန်တယ်ဆိုတာကို ဆောင်ရွက်ပေးခဲ့ကြတဲ့ လူကြီးမင်းတွေကို ကျေးဇူး အများကြီး တင်ပါတယ်’’ လို့ ဆိုပါတယ်။


ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒါရိုက်တာ သြရသဟာ ၂၀၁၈ ခုနှစ်အတွင်းကစလို့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးလာရတဲ့ ဒါရိုက်တာ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဟာ ဝါရင့်ဒါရိုက်တာကြီး ညွှန့်မြန်မာ ညီညီအောင်ရဲ့ တပည့်အရင်း တစ်ယောက်ဖြစ်ပါတယ်။ သြရသ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ ကြောက်ကြောက်ကြောက် ၊ မုန်းစွဲ ၊ ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ ဇာတ်ကားတွေလည်းဖြစ်ခဲ့ပါတယ်။ သူဟာ ရုပ်သံဇာတ်လမ်းတွဲ တော်တော်များများ ရိုက်ကူးနေရသူ တစ်ယောက်ပါ။

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။



က္က