သူ့အတွက် ပထမဆုံး ဆုပါ။

ကျော်ကျော်ဗိုက ပရိသတ်တွေ ရစေချင်နေတဲ့ ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင် သွားပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို မုန်းစွဲ ရုပ်ရှင် ဇာတ်ကား နဲ့ ကျော်ကျော်ဗို က ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျော်ကျော်ဗို ကို ဇာတ်ပို့ဆု ရရှိစေချင်ကြတဲ့ ပရိသတ်တွေက အများကြီးပါ။


'' ဒီဆု ရတဲ့အချိန်မှာ ကျွန်တော့်ဖေဖေ ဦးဝင်းဗိုလ် အပေါ်ကနေ ဂုဏ်ယူနေလိမ့်မယ်လို့ထင်ပါတယ်။ မေမေ ဒေါ်ခင်သန်းမြင့်လည်း ဂုဏ်ယူနေပါလိမ့်မယ်။ ကျွန်တော့်ကို ဇာတ်ကနေတဲ့အချိန်မှာ ဗီဒီယို ရုပ်ရှင်လောကကို ခေါ်ဆောင်ပေးခဲ့တဲ့ ကိုမင်းမင်း ၊ မအိဖြူတို့ကို ကျေးဇူးတင်ပါတယ်။ မုန်းစွဲ ဇာတ်ကားကြီးကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ နေတိုး၊ ဒါရိုက်တာ သြရသ၊ ထုတ်လုပ်သူ ညီအစ်ကိုတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနုပညာအတွက် မှတ်ကျောက်တင်ပိုင်ခွင့်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ မင်းသွေးတို့၊ မအေးသောင်းတို့၊ နေတိုး တို့ စက်မှုအဖွဲ့သားတွေ အားလုံးကို ကျေးဇူးတင်ပါတယ် နေတိုး အရမ်းကောင်းပါတယ်။ ကျွန်တော့် မိတ်ကပ် Effect တွေကို စိတ်တိုင်းကျပြင်ဆင်ပေးတာ သူငယ်ချင်း နေတိုးဖြစ်ပါတယ်'''လို့ သူကဆိုပါတယ်။

ကျော်ကျော်ဗိုလ်ဟာ မုန်းစွဲရုပ်ရှင်ဇာတ်ကားထဲက ဖိုးအောင် ဆိုတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နို်င်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်အပေါ်မှာပဲ ပရိသတ်တွေက ဇာတ်ပို့ဆု ရရှိစေချင်ခဲ့ကြတာပါ။ ဒီကာရိုက်တာမှာတော့ ဖိုးအောင်ဟာ ခြေတစ်ဖက်မသန်တဲ့ ဒုက္ခိတ တစ်ယောက်၊ အငြိုးအတေးတစ်ခုကို သေတဲ့အထိ သယ်ဆောင်သွားသူအဖြစ် သရုပ်ဆောင်ခဲ့တာပါ။

သူဟာ နိုင်ငံကျော်ရွှေမန်းဦးတင်မောင်၊ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်း တို့ရဲ့ အနုပညာမျိုးစက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။

၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။


ဆက်စပ်အကြောင်းအရာများ



က္က