ဆုံးမစကားတွေလည်း မမေ့သေးပါဘူး။

အေးမြတ်သူဟာ သူထူးစံရဲ့ ကျေးဇူးတရားတွေနဲ့ အခုလိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အခုချိန်ထိလည်း သူထူးစံရဲ့ ဆုံးမစကားတွေကို မမေ့သေးဘူးလို့ ဆိုပါတယ်။

အေးမြတ်သူက အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့အချိန်က သူထူးစံရဲ့ ကျေးဇူးတွေကို မမေ့ဘူးလို့ ဆိုပါတယ်။ သူထူးစံရဲ့ ကူညီဖေးမမှုတွေကြောင့်လည်း အခုလို အောင်မြင်ခဲ့တယ်ဆိုတာကို မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ အေးမြတ်သူက ငွေကြေးအားဖြင့်အများကြီးမရခဲ့ဘူး။ ဒီလောက်လေးလိုချင်ပါတယ်အစ်ကိုရယ်ဆိုရင် ပရိုဂျူဆာက မပေးဘူး။ အစ်ကိုဘာလုပ်တယ်အောက်မေ့လဲ သူရတဲ့အနုပညာကြေးထဲကနေ ဖဲ့ပေးတယ်။ အေးမြတ်သူကလည်း ယူခဲ့တယ်။ အဲဒီဟာကို အမြဲတမ်း မှတ်ထားမိတယ်၊ အစ်ကိုက အရမ်းစိတ်ထားကောင်းတယ်၊ နင် အဲဒီလောက်တောင်းတာ ပရိုဂျူဆာပေးလား၊ နင်နဲ့ငါရိုက်ချင်တယ် ငါ့အနုပညာကြေးထဲက ယူ ဆိုပြီးတော့ ပေးတာ။ အဲဒါကြောင့် အေးမြတ်သူက အစ်ကို့ကို အမြဲတမ်းချစ်တယ်’’ လို့ သူက ဆိုပါတယ်။

အဲဒီနောက် အနုပညာအလုပ်တွေ ကြိုးကြိုးစားစားလုပ်လာတဲ့ အေးမြတ်သူ နဲ့ အမှတ်တရတွေကိုလည်း သူထူးစံက ပြန်လည်ပြောပြလာပါတယ်။ တက်သစ်စ မင်းသမီးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ ကူညီခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့ ညက အကယ်ဒမီဂုဏ်ပြုညစာ စားပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ ကိုယ့်တုန်းက မောင်းထုတ်ခံခဲ့ရတာလေ။ တချို့ဆိုရှုတင်ကား ခေါင်းခန်းတောင် မစီးစေချင်ဘူး။ သူ့ကိုတော့ ကျွန်တော်က အမြဲတမ်းကြိုးစားဖို့၊ အားမငယ်ဖို့ အမြဲပြောတယ်။ ပြီးတော့ သူ့ကို စတွေ့ပြီး ရိုက်ကြည့်မယ်ဆိုတော့ ပရိုဂျူဆာကလည်း နာမည်မကြီးသေးတဲ့သူကိုဆိုတော့ပေါ့နော်။ ကျွန်တော်ရိုက်မယ့် ကာရိုက်တာကလည်း သူနဲ့လိုက်လို့ပါလို့ပြောလိုက်တယ်။ ရိုက်တဲ့အချိန်မှာလည်း သူ့ရဲ့ ကြိုးစားမှုတွေကို ချစ်တယ်။ သူတစ်ယောက်တည်းကိုတော့ မဟုတ်ပါဘူး။ သူတို့နဲ့တန်းတူ မင်းသမီးတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အေးမြတ်သူနဲ့ အတူတူအကယ်ဒမီရတဲ့အတွက် အရမ်းဝမ်းသာတယ်။ သူက ကျွန်တော့်မင်္ဂလာဆောင်မှာလည်း အများကြီး ကူညီပေးခဲ့ပါတယ်’’လို့ ဆိုပါတယ်။

အေးမြတ်သူက အခုချိန်မှာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်နေပေမယ့်လည်း အစ်ကိုတစ်ယောက်လို ချစ်ခင်ရတဲ့ သူထူးစံရဲ့ ဆုံးမစကားတွေကိုလည်း နားထောင်နေတုန်းပါပဲတဲ့။

‘’ အစ်ကိုက အောင်မြင်နေတဲ့အချိန်မှာ အေးမြတ်သူတို့က မင်းသမီးအငယ်လောက်ပဲရှိသေးတယ်။ သူပြောတယ် အေးမြတ်သူ နင် ဘာတွေလုပ်နော် ၊ ထမင်းတော့ ၃ လလောက်ငတ်လိမ့်မယ် အငတ်ခံလိုက်တဲ့။ အဲဒီ ၃ လလောက် အငတ်ခံပြီးရင်တော့ ဒီ့ထက်ပိုကောင်းတဲ့နေရာကို နင်ရောက်လိမ့်မယ်။ ဒီအချိန်မှာ ပိုက်ဆံတွေအရမ်းမက်ပြီးတော့ လျှောက်လုပ်နေရင် ခဏပဲနော်တဲ့။ အဲဒီစကားကို ကျွန်တော် နားထောင်ခဲ့တာ တကယ်ဟုတ်တယ်။ အစ်ကို့ရဲ့ ဆုံးမစကားတွေ အများကြီးပါ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

သူထူးစံနဲ့ အေးမြတ်သူတို့ဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပထမဆုံး အကြိမ် အကယ်ဒမီဆုကို အတူတူရရှိခဲ့ကြတာဖြစ်ပါတယ်။ သူထူးစံဟာ ‘’မှော်ဝင်သမန်းကျား’’ရုပ်ရှင်ဇာတ်တကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပြီး အေးမြတ်သူကတော့ ‘’နောင်တွင်ဥဒါန်းတည်စေသတည်း’’ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့တာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က