ပရိသတ်တွေ ရဲ့ အားရကျေနပ်မှုကတော့
Sabal Thwin

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က The One Entertainment မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ညနေ ၄ နာရီကနေ ည ၁၀ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီနေ့ပွဲမှာ အကယ်ဒမီဆု ရရှိခဲ့သူတွေ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။



တစ်သက်တာဆု - ဒေါ်မြင့်မြင့်ခင် ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု - ဒါရိုက်တာ ဝိုင်း (ရွှေကြာ)၊ အကောင်းဆုံး ဒါရိုက်တာဆု - ဒါရိုက်တာ သြရသ (မုန်းစွဲ)၊ အကောင်းဆုံး ဇာတ်ကားဆု - ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေး (ရွှေကြာ)

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု - ကျော်ကျော်ဗို (မုန်းစွဲ)၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - အေးမြတ်သူ (နောင်တွင် ဥဒါန်းတွင်စေသတည်း)၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - ဖွေးဖွေး (ရွှေကြာ)၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - သူထူးစံ (မှော်ဝင်သမန်းကျား)

အကောင်းဆုံး နောက်ခံတေးဂီတဆု - ရှလုံးအမ်ရောနမ် (Dimensions)၊ အကောင်းဆုံး ရုပ်ရှင်အသံဆု - ကိုအေး (မုန်းစွဲ) ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - ကျော်ခိုင်စိုး (ရွှေကြာ)၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု - ဝင်းလွင်ထက် (မုန်းစွဲ) ။


ဆက်စပ်အကြောင်းအရာများ


Author


က္က