မိုးရွာရင် မိုးရေချိုးမယ်။
Sabal Thwin

ပရိသတ်အချစ်တော် မိုရီဆာကီဝင်းက မိုးရာသီ သီချင်းလေးကို ပရိသတ်တွေအတွက် သီဆိုပေးခဲ့ပါတယ်။ အဲ့ဒီနောက် အဆို တော် ဖြူဖြူကျော် သိန်းက အဝင်းကို လက်ထပ်စာချုပ်ပေးလိုက်ပြီဆိုတဲ့အကြောင်းကိုလည်း အဝင်းက အခုလိုပြော ပြလာ ပါတယ်။



 

ဂျပန်နိုင်ငံရဲ့ နာမည်ကျော်အဆိုတော် မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းက mntv ရုပ်သံလိုင်းက ထုတ်လွှင့်သွားမယ့် Win's Show Time ဆိုတဲ့ အစီအစဉ်မှာ တင်ဆက်မှုတွေ အများကြီးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သူ ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ မြန်မာသီချင်းလေး ကိုလည်း မီဒီယာတွေရှေ့မှာ အခုလို သီဆိုပြခဲ့ပါသေးတယ်။

'' အစီအစဉ်ထဲမှာ မြန်မာသီချင်းတွေလည်း တော်တော်များများ ကျွန်တော် ဆိုထားတယ်။ ပြီးတော့ ကျွန်တော် ကောင်း ကောင်းဆိုနိုင်တဲ့ သီချင်းလေးက မိုးရွာရင် မိုးရေချိုးမယ်.. မေမေလာရင် နို့စို့မယ်.. ဖေဖေလာရင် အုန်းသီးခွဲစားမယ်.. ကျွန်တော်ဆိုတာ မှန်ရဲ့လား အဆင်ပြေရဲ့လား'' ဆိုပြီးတော့လည်း သီချင်းလေး ဆိုပြခဲ့ပါသေးတယ်။

 

အဝင်းဟာ မြန်မာပြည်က အနုပညာရှင်တွေနဲ့ အလုပ်လုပ်ရတာ အရမ်းကို ပျော်စရာကောင်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူ့အနေနဲ့ ဂျပန်နိုင်ငံမှာ အနုပညာအလုပ်တွေ ဆောင်ရွက်ရတာ များတဲ့အတွက် မြန်မာပြည်က အနုပညာရှင်တွေနဲ့ ရင်းနှီးမှု သိပ်မရှိခဲ့ဘူးလို့လည်း ဆက်လက် ပြောပြလာပါတယ်။

'' အရမ်းလည်းပျော်ဖို့ကောင်းတယ်။ ကျွန်တော့်ကိုလည်း မြန်မာစကားတွေနဲ့ စကြတယ်။ ပျော်ကြတယ် အရမ်းလည်း ကြည်နူးဖို့ကောင်းပါ တယ်။ အရင်ကတည်းက မြန်မာပြည်က အနုပညာရှင်တွေနဲ့ ထိတွေ့မှု မရှိခဲ့ဘူး။ အခုမှ ထိတွေ့မှုရှိခဲ့တာဆိုတော့ အရမ်းပျော်ပါတယ်ခင်ဗျာ'' ဆိုပြီးတော့ အောက်တိုဘာလ ၁၂ ရက်နေ့က Win's Show Time အစီအစဉ် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

မြေးဖြစ်တဲ့ အဝင်းအကြောင်းကို အားရပါးရပြောပြလာတဲ့ ဒေါ်ခင်ခင်ထွေး 

အဲ့ဒီနောက် အဝင်းကို လက်ထပ်စာချုပ်ပေးလိုက်ပြီ ဆိုတာကို စနောက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ အဆိုတော် ဖြူဖြူကျော်သိန်း နဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပြထားပါသေးတယ်။

'' အစ်မပြောတာလား အစ်မကတော့ လုပ်ချလိုက်ပြန်ပြီ။ အစ်မကို တွေ့ရင်ပြောလိုက်ပါ နောက်တစ်ခါ မြန်မာပြည်လာရင် ပြန်တွေ့မယ်လို့။ အဲ့ဒီအခါကျရင်တော့ ပြန်ဆွေးနွေးကြရအောင်ပေါ့။ လက်မှတ်ထိုးပေးမယ် မထိုးပေးဘူးဆိုတာကတော့ ကျွန်တော်စဉ်းစားပြီးသားပါ ခင်ဗျာ။ တိုက်ရိုက်တွေ့မှ ပြောမယ်ခင်ဗျ''လို့ ဆိုပါတယ်။

 

မိုရီဆာကီဝင်းဟာ ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီး ကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံ သားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


Author


က္က