ဇာတ်လမ်းကို သေချာရွေးချယ်ပြီး ရိုက်သွားမှာတဲ့။

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင် အလုပ်ကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့ နေခဲ့ပါတယ်။ 

 

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင် အလုပ်ကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့ နေခဲ့ပါတယ်။  အဲ့ဒီ သတင်းနဲ့ ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုလ်က အောက်တိုဘာ(၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Rဇာနည်နဲ့ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း (၁၅)နှစ်ပြည့်မှာ Duwun Media သို့ ယခုလို  ပြန်လည်ပြောပြခဲ့ပါတယ်။

 

"အနုပညာအလုပ်တွေက လုပ်ဖြစ်မှာပါ။ အဓိကက ဇရာဆိုတာ အားလုံးကို ဖျက်စီးတာလေဆိုတော့ ကျွန်မရုပ်တွေ စိတ်တွေအားလုံးကို ဖျက်စီးတယ်။ ငယ်ငယ်တုန်းကတော့ အရမ်းစိတ်ဓာတ်က တက်ကြွပြီး ဖြတ်သန်းလာတဲ့ကာလတွေအတွက် အရမ်းလွယ်တယ်။ အခုချိန်မှာ ကျတော့ လုပ်သင့်တာတောင်မှ တော်တော့်ကို အင်အားစုစည်းပြီး လုပ်ရတာမျိုး ဖြစ်နေတော့ ကျွန်မအတွက် ဝန်လေးလာတာတော့ အမှန်ပဲ။ အသက်အရွယ်ကြောင့်လဲ ဖြစ်တယ်။ ဘာသာတရား အဆုံးအမတွေနဲ့ ကျတော့လည်း ကျွန်မလုပ်နေတဲ့ အလုပ်က ဘာသာတရားနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်တွေနဲ့ ကျွန်မမှာ လွန်ဆွဲနေတာတွေ အများကြီးရှိတယ်။ အဲ့လိုပြောတာဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ပါဘူး။" လို့လက်ရှိမှာ သူမခံစားနေရတဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြခဲ့ပါတယ်။

 

ဆက်လက်ပြီးတော့လည်း ထွန်းအြိန္ဒာဗိုလ်က နောက်ပိုင်းမှာ ဇာတ်လမ်းကို သေချာ ရွေးချယ်ပြီး ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်မက ကိုယ်ကိုတိုင် Motivation ရပြီး ကိုယ်ကိုတိုင် ဒီဇာတ်ရုပ်ကို ရိုက်ချင်လိုက်တာ လုပ်ချင်လိုက်တာ ဆိုတဲ့ ဟာမျိုး မဖြစ်မချင်း ကျွန်မမ လုပ်ချင်တော့ဘူး ဆိုတဲ့ သဘောကို ပြောတာပါ။ အဲ့ဒီကတည်းက ကျွန်မဖြေလိုက်ပါတယ်ဒီဇင်ဘာမှ ကျွန်မာကားကြီးတစ်ကား ရိုက်မယ် ။ ကျွန်မကြိုက်လို့ လက်ခံ ထားတဲ့ ကားပါ။" လို့ သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

သရုပ်ဆောင် အလုပ်ကနေ အနားယူတော့မယ့် ထွန်းအိန္ဒြာဗိုလ် 

သူမဟာ ဂီတနယ်ပယ်မှာတင်မက သရုပ်ဆောင်ဘက်မှ ာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ကာ အားလုံးက လေးစားအားကျရတဲ့ သူတစ်ဦးပါ။ အခုချိန်မှာတော့ သူမဟာ အသက်အရွယ်အရ သရုပ်ဆောင်အလုပ်ကနေ နားပြီး ဘာသာရေးဘက်ကို သေသေချာချာလေး လုပ်သွားချင် တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ငပလီတွင် ရိုက်ကူးခဲ့တဲ့ "အောက်ဖဲမလှန်ကြေး " ရုပ်ရှင်ကို အပြီးသတ်ရိုက်ကူးပြီးခဲ့သလို နောက်ပိုင်းမှာလည်း လက်ခံပြီးတဲ့ ဇာတ်ကား တွေကိုတော့ ပြီးဆုံးအောင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ မကြာခင်မှာ Golden Hour Production နဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့အတွက် လက်ခံထားတာ ရှိတယ်လို့ သိရပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

 

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

 



က္က