နန်းမြတ်ထက် နန်းသူဇာက စိတ်လှုပ်ရှားနေတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် ရင်သွေးလေး ရပြီလို့ ကြေညာလိုက်တဲ့ အချိန်မှာ အပျော်ဆုံး လူတွေထဲက တစ်ယောက်က နန်းသူဇာပါပဲ။

Photo : နန်းသူဇာ FB



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတစ်ယောက် ရင်သွေးလေး ရပြီလို့ ကြေညာလိုက်တဲ့ အချိန်မှာ အပျော်ဆုံး လူတွေထဲက တစ်ယောက်က နန်းသူဇာပါပဲ။ နန်းမြတ်ရဲ့ ရင်သွေးလေးကိုလည်း ဘယ်လိုရုပ်လေး ထွက်လာမလဲဆိုတဲ့ အတွေးနဲ့ နန်းသူတစ်ယောက် ကလေးလေးကို အရမ်းတွေ့ ချင်နေ ပြီလို့ ဆိုပါတယ်။

"ရင်သွေးလေး စရပြီလို့ ပြောတဲ့အချိန်မှာ ကိုယ်လည်း အရမ်းပျော်တယ်။သူ့ထက်ကိုက စိတ်လှုပ်ရှားနေတယ်။ သူ့ကိုတွေ့ရင် ဗိုက်ကလေးကို ကိုင်ဖြစ်တယ်။ အားကျတာတော့ မဟုတ်ဘူး ချစ်တာ။ နန်းမြတိဆိုလည်း သူ့ရဲ့ ဗိုက်ကြီးတဲ့ မှတ်တမ်း လေးတွေ ကြည့်ပြီး မွေးလာရင်လည်း ဘယ်လိုတွေ အသည်းယားပြီး ဘယ်လိုရုပ်လေး ထွက်လာမလဲဆိုတာ အရမ်းသိချင်နေပြီ " လို့ အောက်တိုဘာ(၁၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Aroma ပွဲမှာ Duwun Media ကို ဖြေဆိုပေးခဲ့တာပါ။

Photo : နန်းသူဇာ FB


နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ပါ။နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ နန်းသူဇာ ဟာ ဂီတဘက်မှာ ပရိသတ်အားပေးမှု ရရှိနေသူ တစ်ဦးဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သူတို့နှစ်ဦး အတူတူသီဆိုထားတဲ့ "Friend" ဆိုတဲ့ သီချင်းခွေဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းခွေဖြစ်ပါတယ်။



Photo : နန်းသူဇာ FB

ှစ်ယောက်အတူတူ သီလရှင်ဝတ်မယ့် နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာ

 

နန်းသူဇာဟာ လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေ ပေးစွမ်းနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

"နန်းသူဇာက လတ်တလောကတော့ပွဲတွေတက်ဖြစ်တယ်။ သူငယ်ချင်းမင်္ဂလာဆောင်မှာပန်းကြဲတယ်။နောက်ထပ်ကတော့ ပရိသတ်တွေအ တွက် အွန်လိုင်းကနေ သီချင်းတင်ပေးဖို့ရှိပါတယ်။ နန်းသူဇာကလည်း သီချင်းဘက်မှာကျတော့ ကိုယ်လည်း သီချင်းက ကိုယ့်ဘာသာကိုယ် မရေးနိုင်တော့ ပြီးတော့ နန်းသူဇာက အသံပါဝါအရမ်းကြီး မကောင်းတော့ ကိုယ်နဲ့လိုက်တဲ့သီချင်းက နည်းနည်းရှားတယ်။ အဲ့ခါကျတော့ ကြာသွားတာပေ့ါ။ တစ်ပုဒ်တလေတော့ တင်ပေးနိုင်အောင် ကြိုးစားပ့ါမယ်။ သီချင်းပုံစံလေးတွေတော့ ပြောင်းပြီးဆိုသွားဖို့ရှိပါတယ်။ အချစ်လားအသည်းကွဲမလားတော့ မသိသေးဘူး။ လောလောဆယ် အသည်းကွဲ သီချင်းက ဆိုလို့မရသေးဘူး။ ချစ်သူနဲ့ အရမ်းကြည်နူးနေလို့ "ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : နန်းသူဇာ FB


သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားနန်းသူဇာတို့ စုံတွဲလေးက အခုဆိုရင် ချစ်သူသက်တမ်း (၇)နှစ်ကျော် ရှိသွားပါပြီ။ အချိန်တွေ ကြာလာတာ နဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဆိုတာထက် မိသားစုဝင်တစ်ဦးလို ဖြစ်သွားတယ်ဆိုတာကို အောက်တိုဘာလ ၁၄ ရက်နေ့က Aroma 7 Years Anniversary မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

''အခုက တွဲလာတာလည်း ကြာပြီဆိုတော့ အကြောင်းတွေလည်း သိနေပြီလေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်တယ် ဆိုတာထက် သူငယ်ချင်းလို၊ မိသားစုလို ဖြစ်သွားတာပေါ့နော်။ စနှိုက်ကြော်လို့ ရတယ်ဆိုရင် ကြော်သွားကြပါ။ ကြော်လို့မရဘူးဆိုတာလည်း သိနေတော့လေ နောက်တာပါ'' လို့ သဘောကျ ရယ်မောရင်းပြောပြလာတာဖြစ်ပါတယ်။


Photo : နန်းသူဇာ FB


ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က