ဈေးရောင်းရတာ ပျော်တယ်တဲ့။

အေးမြတ်သူက သူ့ရဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း သွက်သွက်လက်လက် ပြောပြတတ်သူတစ်ယောက်ပါ။ အခုဆိုရင် လည်း သူ့ရဲ့ ကိုယ်ပိုင်အဝတ်အစားလေးတွေက ဈေးမကြီးပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိရှိ ဝတ်ဆင်တာကြောင့် လှပနေတယ်လို့ ဆိုပါတယ်။



Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

သရုပ်ဆောင် အေးမြတ်သူ တစ်ယောက် အနုပညာရှင်တစ်ယောက်မဖြစ်ခင်က ဈေးရောင်းရတဲ့ ဘဝကို အရင်ဆုံးဖြတ်သန်းခဲ့သူပါလို့ ဆိုပါ တယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်းရတဲ့ ဘဝကို နှစ်သက်တဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

'' အေးမြတ်သူ ပထမဦးဆုံးလုပ်ဖူးတဲ့ အလုပ်က သရုပ်ဆောင်အလုပ်မဟုတ်ဘူး၊ ဈေးရောင်းတဲ့ အလုပ်ပါ။ ဈေးရောင်းပြီးမှ သရုပ်ဆောင်ဖြစ် တာပါ။ ဈေးရောင်းရတာ အရမ်းပျော်ပါတယ်။ စကားတွေလည်း အများကြီးပြောရတယ် ပြီးတော့ အထည်ရောင်းရတာကို ပိုပြီးတော့ သဘောကျပါတယ်'' လို့ ဆိုပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းလေ့လာနေတုန်းပဲ ဆိုတဲ့ အေးမြတ်သူ 

ပရိသတ်အားပေးမှု အများကြီးရရှိထားတဲ့ အေးမြတ်သူက အဝတ်အစားဝတ်တာက အစ ခြွေတာ ဝတ်ဆင်တတ်သူဖြစ်ပါတယ်။ ဒါကြောင့် လည်း ဈေးသက်သာပြီး သက်သောင့်သက်သာ ရှိနိုင်မယ့် အဝတ်အစားကိုပဲ ရွေးချယ်ဝတ်ဆင်ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညက ''ကြတ်ဂူ'' ရုပ်ရှင်အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' Brand တွေကတော့ တစ်ခါတလေ ဝတ်ပါတယ်။ အမြဲတမ်းတော့ မဝတ်နိုင်ပါဘူးရှင့်။ အေးမြတ်သူအတွက်က သက်သောင့်သက်သာဖြစ်ရ မယ်။ အရမ်းထူးခြားနေဖို့မလိုဘူး၊ ပြီးတော့ ဈေးလည်း သက်သာရမယ်။ ဘာကြောင့်လဲဆိုတော့ မင်းသမီးတွေ ဖြစ်တဲ့အတွက် တစ်ခါဝတ်ပြီး သွားရင် နောက်တစ်ခေါက်ဝတ်ဖို့အဆင်မပြေတော့ဘူးလေ၊ ဒါကြောင့် ဈေးသက်သာတာကိုပဲ ရွေးပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

အေးမြတ်သူက Brand တွေကို ရွေးချယ်ဝတ်ဆင်လေ့မရှိတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ မင်းသမီးတစ်ယောက်ဖြစ် တဲ့အတွက် ကိုယ်ဝတ်တဲ့ အဝတ်အစားပေါ်မှာ ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။

'' အေးမြတ်သူက Brand နောက်မလိုက်ပါဘူး၊ ဘာလို့လဲဆိုတော့ ပိုက်ဆံမရှိလို့ပါ၊ ပိုက်ဆံရှိလည်း မလိုက်ပါဘူး၊ သိပ်ပြီးတော့လည်း အကုန်အ ကျမခံချင်ဘူးရှင့်။ ပိုက်ဆံက စုရတာလေ ကိုယ်ရှာရတာ ကိုယ်ပဲ သိတယ်။ ပင်ပန်းတယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့နော်။ တစ်သိန်းတန် ဝယ်မယ့်အစား နှစ်သောင်းတန် ၅ ပွဲဝတ်မယ်။ ကိုယ်က မင်းသမီးပဲလေ ကိုယ့်ဘာသာယုံကြည်မှုရှိတယ်။ ဘာဝတ်ဝတ်လှတယ်'' ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြခဲ့ပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘွတ်

 

အသက် ၁၉ နှစ်ကတည်းက သရုပ်ဆောင်အလုပ်ကို ဆောင်ရွက်လာတဲ့ အေးမြတ်သူက အခုဆိုရင် အနုပညာနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တာ ၁၂ နှစ်ရှိပြီဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်ဆောင်ဖို့အတွက်လည်း ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်ဖို့ တဖြည်းဖြည်းလေ့လာနေတုန်းပဲလို့Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က