ပျော်စရာကောင်းတဲ့ မိသားစုလေးပါ။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ခိုင်မာတဲ့ အိမ်ထောင်ရေးကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အပြည့်အဝထား ကြလို့ပါတဲ့။ ဇနီး မောင်နှံ နှစ်ယောက်စလုံးကလည်း အနုပညာရှင်တွေ ဖြစ်တာကြောင့် အလုပ်ကိစ္စတွေမှာ ဆွေးနွေးတိုင်ပင် လို့ရတယ်လို့ ဆိုပါတယ်။



Photo: အိန္ဒြာကျော်ဇင်

 

သရုပ်ဆောင် ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် တို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို အိန္ဒြာကျော်ဇင်က မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ ခိုင်မာတဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ ဇနီးမောင်နှံ နှစ်ယောက်စလုံးမှာ တာဝန်ရှိတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဘာမှလည်း အထူးတလည်ကြီးတော့ မဟုတ်ပါဘူး။ အဓိက ကတော့ ဘယ်မှာမဆို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုထား တာအရေးအကြီးဆုံးပဲ။ ကိုယ့်ဘက်ကချည်းပဲ ငါဖြစ်ချင်တာ ဖြစ်ရမယ်၊ ငါလုပ်ချင်တာ လုပ်မယ် ဆိုတဲ့အရာကကျတော့ ဘယ်မှာမှ မရဘူး။ ဒီလိုအလုပ်ကလည်း အရမ်းခက်ခဲတဲ့အလုပ်ပါ။ ဒါပေမယ့် နှစ်ယောက်ပေါင်းဖက်လိုက်တဲ့အခါမှာတော့ သူလည်းလျှော့ရမယ်၊ ကိုယ်လည်း လျှော့ရမယ်'' လို့ ဆိုပါတယ်။

Photo: အိန္ဒြာကျော်ဇင်

ပညာရေးထောက်ပံ့ကြေးအတွက် လျှောက်ထားသူတွေကို စိစစ်နေတဲ့ ပြေတီဦး 

ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အိမ်ထောင်ရေးက တစ်ယောက်နဲ့ တစ် ယောက် နားလည်မှု အပြန်အလှန်ရှိကြပါတယ်တဲ့။ ပြဿနာကြီးကြီးမားမားလည်း ဖြစ်လေ့ ဖြစ်ထမရှိတဲ့အကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့ ညက ''ကြတ်ဂူ'' ရုပ်ရှင်အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' အစ်မတို့ဆိုရင် နှစ်ယောက်စလုံး နားလည်မှုအပြန်အလှန်ရှိကြတယ်။ သူလည်း အစ်မအပေါ်နားလည်တယ်၊ အစ်မလည်း သူ့အပေါ်နားလည် တယ်။ ဒါပေမယ့် အစ်မတို့ဆီမှာ ကြီးကြီးမားမား ဘာပြဿနာမှ မရှိဘူး။ တစ်ခုခုဆိုရင် ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အပေါ်မှာ ပြေလည်အောင် ညှိနှိုင်းတယ်'' လို့ သူကဆိုပါတယ်။

Photo: အိန္ဒြာကျော်ဇင်

 

အိန္ဒြာကျော်ဇင်ဟာ သူတို့ ဇနီးမောင်နှံက အနုပညာရှင်တွေ ဖြစ်တဲ့အတွက် သာမာန်အိမ်ထောင်ရေးနဲ့ မတူတဲ့ အားသာချက်ကို ပြောပြလာ ပါတယ်။ အနုပညာအလုပ်တွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်လေ့ရှိတယ်လို့ ဆက်လက်ပြောပြထားပါတယ်။

'' သူနဲ့ ကိုယ်နဲ့ကတော့ အနုပညာသမားအချင်းချင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးလို့ရတယ်။ အပြင် လူတစ်ယောက်ဆိုရင် နားမလည်ဘူးလေ။ ဒါပေမယ့် အစ်မရဲ့ အလုပ်ပေါ်မှာထားတဲ့ ဆုံးဖြတ်ချက်ကို သူက ဝင်ရောက်စွပ်ဖက်တာမျိုး မရှိသလို အစ်မက လည်း အဲ့ဒီလိုမလုပ်ဘူး။ ကိုယ့်ဆန္ဒနဲ့ကိုယ်ပေါ့'' လို့ ဆိုပါတယ်။

Photo: အိန္ဒြာကျော်ဇင်

 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါ တယ်။ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က