နိုင်းနိုင်း၊ ထွန်းအိန္ဒြာဗို တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။

သရုပ်ဆောင် နိုင်းနိုင်း၊ ထွန်းအိန္ဒြာဗို တို့ ပါဝင်မယ့် '' သမုဒယ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ အတွင်းမှာရိုက်ကူးသွား မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပါဝင်သွားမယ့် အနုပညာရှင်တွေက ဇာတ်ကားအကြောင်းမိတ်ဆက် ပြောပြလာပါတယ်။



 

''သမုဒယ'' ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာရှိတဲ့ အောင်မြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Golden Hour Production ကနေ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ် ဆောင် နိုင်းနိုင်းက မီဒီယာတွေကနေ အခုလိုပြောခဲ့ပါတယ်။

'' ဒီဇာတ်ကားက ဒီနှစ်အတွက် ဒုတိယမြောက်ကားပေါ့နော်။ ဂမ္ဘီရဆန်တယ်လို့လည်းပြောလို့ရသလို၊ Adventure လေးလည်း ပါတယ်လို့ ပြောလို့ရတယ်။ ဒီ Production နဲ့ အကိုလက်တွဲဖြစ်တာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစ်ကိုမျှော်လင့်ထားတဲ့ ပုံစံမျိုးက သူက အခု ဖန်တီးနေလို့ပဲ'' လို့ သူကဆိုပါတယ်။

 

အဲ့ဒီနောက် Golden Hour Production အနေနဲ့ မင်းသား နိုင်းနိုင်းကို ရွေးချယ်ရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလည်း Golden Hour Production ထုတ်လုပ်သူ ကိုကောင်းကျော်က ဆက်လက်ပြောပြလာပါတယ်။

'' ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ မြင်နေကြမဟုတ်တဲ့ ဟာတစ်ခုကို တော်တော်လုပ်ယူရမယ်လို့ထင်တယ်။ Adventure ဆိုတော့လည်း ပင်ပန်းတယ်၊ အချိန်ပေးရမယ်ပေါ့ ဒါကြောင့်လည်း ကာရိုက်တာအရ ကိုက်ညီမယ့်မင်းသား ဖြစ်လို့ လည်း ကိုနိုင်းနိုင်းကို ရွေးချယ် ရိုက်ကူး ဖြစ်တာပါ။ မင်းသမီးတွေကိုလည်း ဇာတ်ကောင်နဲ့လိုက်မယ့် မင်းသမီးကိုပဲရွေးချယ်ဖြစ်တာပါ'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

''သမုဒယ'' ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ သီဟစိုးက ရိုက်ကူးသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးချိန်ကိုတော့ ၁ လအကြာသတ်မှတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားရိုက်ကွင်းကို ပြင်ဦးလွင်၊ ရန်ကုန်နဲ့  မန္တလေးမြို့တွေမှာရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နိုင်းနိုင်း၊ ထွန်းအိန္ဒြာဗို နဲ့ မေဆူးမောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က