နောင်တရမှာ မဟုတ်ပါဘူးတဲ့။

ရဲလေးမက မိန်းမလျာ ဇာတ်ရုပ် ရိုက်ခွင့်ရတဲ့အပေါ် နောင်တရမှာ မဟုတ်ဘူးလို့ပြောပါတယ်။ တစ်ခါတလေမှာ ပြန် စိုချင်ရင် တောင်မှ ပရိသတ်တွေအတွက် ခြောက်ပေးနေရတယ်လို့လည်း အရွှန်းဖောက်ပြောပြလာပါတယ်။

 

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရဲလေးမကိုတော့ ပရိသတ်တွေက မိန်းမလျာကာရိုက်တာနဲ့ ပိုပြီး ရင်းရင်းနှီးနှီးအားပေးကြတာကို တွေ့ရပါတယ်။ ဒီလို မိန်းမလျာ ကာရိုက်တာနဲ့ပဲ ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ ရဲလေးမရဲ့ ခံစားချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ ပါတယ်။

'' အစ်ကို့ကိုလေ ဒီကာရိုက်တာကိုပဲ ပရိသတ်တွေက ချစ်ကြတာ။ တစ်ခါတလေ ဖေ့စ်ဘွတ်မှာ ယောကျ်ားပုံတင်ပြန်တော့လည်း မလှဘူး၊ မတင်နဲ့ မိန်းကလေးလိုပဲ ချစ်တယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် ပရိသတ်က ကိုယ့်ရဲ့ ကျေးဇူးရှင်လည်းဖြစ်တယ်လေ။ အဲ့ဒီတော့ သူတို့ထားတဲ့ နေရာမှာ ကိုယ်က နေတဲ့အတွက် ပြန်စိုချင်ရင်တောင်မှ နေထုတ်လှမ်းပြီးတော့ ခြောက်ပေးနေရပါတယ်'' လို့ ဆိုပါတယ်။

Photo: ရဲလေးမ

 

ရဲလေးမက မိန်းမလျာ ကာရိုက်တာနဲ့ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာ ကိုလည်း နောင်တရမယ့် သူမဟုတ်ဘူး လို့ ဆိုပါတယ်။ ပရိသတ်ချစ်တဲ့ ဇာတ်ရုပ်လုပ်ရတာဖြစ်တယ်လို့လည်း မင်္ဂလာရက်မြတ် ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့ပါသေးတယ်။

'' အစ်ကိုက အနုပညာအလုပ်ကို စလုပ်ကတည်းက ဘယ်လိုနေရာပဲ ရရဆိုပြီးတော့ ဖြတ်လျှောက်ဘဝကနေ တက်လာရတာ။ ဖြတ်လျှောက် ဘဝမှာလည်း ရေရှည်ရပ်တည်မယ်ဆိုပြီးတော့ ဝင်လာရင်းနဲ့ ကံအကျိုးတစ်ခုကြောင့် ဒီနေရာလေးမှာ ရပ်တည်နေနိုင်တာ။ အရင်တုန်းက သူ ငယ်ချင်းခန်းတွေရိုက်ရင် ပရိသတ်တွေကလည်း မချစ်သလို ဒါရိုက်တာတွေကလည်း ခေါ်မသုံးဖြစ်ကြဘူး။ မိန်းမလျာကာရိုက်တာ ရိုက်မှာ ပရိ သတ် တွေကလည်းချစ်တယ်၊ ဇာတ်ကားတွေလည်း ရိုက်လာရတာဖြစ်တဲ့အတွက် နောင်တတေ့ာ မရပါဘူး'' လို့ ဆက်လက်ပြောပြ ထားပါ တယ်။

ရတဲ့ဝင်ငွေလေးနဲ့ မိသားစု (၈) ယောက်ကို လုပ်ကျွေးနေရတဲ့ ရဲလေးမ 

 

သူ့ရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားရှိကြပါတယ်။ မိန်းမလျာဇာတ်ရုပ်တွေပဲ ရိုက်ကူးနေရတဲ့ ရဲလေးမရဲ့ လက်တွဲဖော် မိန်းကလေးဖြစ်မလား၊ ယောကျာ်းလေး ဖြစ်မလားဆိုတဲ့မေးခွန်းအပေါ်မှာလည်း အခုလို ပွင့်ပွင့်လင်းလင်းဖြေဆိုခဲ့ပါတယ်။

'' ဒါလည်း မင်္ဂလာတစ်ပါးပဲ ယောကျ်ားအချင်းချင်းပဲ ချစ်ချစ်၊ မိန်းမအချင်းချင်းပဲ ချစ်ချစ် မင်္ဂလာပဲ။ အစ်ကိုပြောတဲ့ မင်္ဂလာဆိုတာလည်း ယောကျ်ား နဲ့လား မိန်းမ နဲ့လား ဆိုတာတော့ စောင့်ကြည့်ပေါ့။ ဒါကတော့ လျှို့ဝှက်ထားဦးမယ်လေ။ လောလောဆယ် ဖေ့စ်ဘွတ်ကနေ ပြီးတော့ ချစ်ခွင့်ပန်တာက သူငယ်တွေချည်းပဲဖြစ်နေတယ်'' လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: ရဲလေးမ

 

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို  ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ တာလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က