သူကိုယ်တိုင်ကလည်း မိသားစုကို ချစ်တတ်သူတစ်ယောက်ပါ။

နေမျိုးအောင်က သူ့ရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တန်ဖိုးထားပြီး ချစ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာရှင် တစ် ယောက်ဖြစ်တာ ကြောင့် ခိုင်မာတဲ့ မိသားစုတစ်ခုဖြစ်အောင် ပိုပြီးတော့ ဂရုစိုက်တတ်ရတယ်လို့ ဆိုပါတယ်။

Photo: Thandar Nay Myo Aung

 

သရုပ်ဆောင်နေမျိုးအောင်က မိသားစုကို ချစ်တတ်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ခိုင်မာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။ မိသားစုကို အရမ်းချစ်တတ်တဲ့ သူ့ရင်ထဲက စကားသံတွေကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။

'' ကိုယ်လည်း လူသားထဲက လူတစ်ယောက်ပဲလေ။ ကိုယ်သွားချင်တာတွေလည်းရှိတယ်၊ ကိုယ်လာချင်တာတွေလည်းရှိတာပဲ။ အဲ့ဒီလိုအခါမျိုး ကျတော့ ကိုယ့်မိသားစုနဲ့ပဲ ကိုယ်အချိန်ဖြုန်းပစ်လိုက်တယ်။ မုန့်သွားစားချင် စားပစ်လိုက်မယ်၊ ခရီးထွက်ရင် ထွက်ပစ်လိုက်မယ်။ အပွင့်လင်း ဆုံးပြောရရင် အရက်သောက်ရင်တောင် အပြင်ထွက်မသောက်ဘူး အိမ်မှာပဲသောက်တယ်'' လို့ဆိုပါတယ်။

Photo: Thandar Nay Myo Aung

 

နေမျိုးအောင်ဟာ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်ဆောင်ရွက်နေသူဖြစ်ပါတယ်။သူ့အနေနဲ့ ချစ်ရတဲ့ ဇနီးနဲ့ သားသမီး တွေကို ဂရုတစိုက်ရှိတာကြောင့် ရိုက်ကူးရေးမရှိတဲ့အချိန်တွေတိုင်း မိသားစုနဲ့အချိန်ကုန်ဆုံးဖြစ်တယ်လို့ ကျားနဲ့ဆင် ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' တန်ဖိုးရှိတယ်လို့ ကျွန်တော်ခံယူထားတယ်။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော် မုန့်တွေအမြဲတမ်းသွားစားနေတယ်၊ အားတဲ့အချိန်မှာလည်း ကလေးတွေအတွက် အချိန်ပေးတယ်။ ကားရိုက်တွေများလို့ ပင်ပန်းလာရင်လည်း ခဏနားပြီး ကလေးကျောင်းပိတ်တဲ့အခါတွေဆိုရင် ခရီးတွေ ထွက်ပစ်လိုက်တယ်'' လို့ သူကပြောပါတယ်။

Photo: Thandar Nay Myo Aung

၃ ရက်တိုင်တိုင် အကျွေးအမွေးများနဲ့ အလှူအတန်းလုပ်ခဲ့တဲ့ နေမျိုးအောင်  

အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း အိမ်ထောင်ရေး ထိန်းသိမ်းမှု နေရာမှာ ပိုပြီးတော့ ဂရုတစိုက်ရှိရမယ့် အကြောင်း တွေကို လည်း နေမျိုးအောင်က ဆက်လက်ပြောပြလာပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် မိသားစု ဘဝလေးကိုလည်း ပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့ အနုပညာသမားတွေက ပိုတောင်အရေးကြီးသေးတယ်။ ကျွန်တော်တို့ အလုပ်နဲ့ မိသားစုအပေါ်မှာ သစ္စာရှိရမယ်။ တန်ဖိုးထား ရမယ်၊ လေးစား မြတ်နိုးရမယ်၊ အများကြီးပါပဲ။ အဲ့ဒါတွေကလည်း အနုပညာနဲ့ အများကြီး ပတ်သက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ကတော့ ကိုယ့်မိသားစုကို ချစ်တတ်ဖို့၊ လေးစားတတ်ဖို့က ပိုအရေးကြီးတယ်'' လို့ ဖြေဆိုခဲ့ပါတယ်။

Photo: Thandar Nay Myo Aung

 

နေမျိုးအောင်ဟာ အက်ရှင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်အားပေးမှု နဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုဆို ရင် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သားအကြီးဆုံးနဲ့အတူ အနုပညာအလုပ်တွေလုပ်ထားတာ တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က