နိဗ္ဗာန်ယာဉ်တောင် မောင်းချင်တိုင်း မောင်းလို့မရဘူး။

ထွန်းကိုကို က ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းကြီးနဲ့အတူ ပရဟိတအလုပ်တွေဆောင်ရွက်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီအသင်းကြီးမှာ စေ့စပ်တိကျလွန်းတဲ့ ဦးကျော်သူရဲ့ စည်းကမ်းတွေကို အခုလိုပြောပြထားပါတယ်။

Photo: ထွန်းကိုကို

 

သရုပ်ဆောင် ထွန်းကိုကို က ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာ အသင်းသားတစ်ယောက်အနေနဲ့ ပါဝင်ကူညီဆောင်ရွက် နေ တာ ကို တွေ့ရပါတယ်။ နာရေးကူညီမှု အသင်းမှာလည်း ဦးကျော်သူ ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဦးမောင် စိတ်ဓာတ်က အရမ်းကို ကောင်းပါတယ်။ စိတ်ထားလည်းကောင်းတယ်၊ စိတ်ဓာတ်လည်း မွန်မြတ်တယ်။ ပရဟိတအလုပ်တွေကို လည်း စွမ်းစွမ်းတမံလုပ်တယ်။ကျွန်တော်ကလည်း အဲ့ဒီလိုပုံစံမျိုးနဲ့ပဲ တွဲပြီးတော့ အလုပ်လုပ်ချင်တာ။ နာရေးကူညီမှုအသင်းမှာဆိုရင်လည်း စည်းကမ်းအရမ်းကြီးတယ်။''လို့ ဆိုပါတယ်။

Photo: ထွန်းကိုကို

ခပ်ကြမ်းကြမ်းဇာတ်ရုပ်နဲ့ ပရိသတ်တွေမြင်ရမယ့် ထွန်းကိုကို  

ထွန်းကိုကိုဟာ လက်ရှိမှာလည်း နာရေးကူညီမှုအသင်းမှာရှိတဲ့ နိဗ္ဗာန်ယာဉ်ကားလည်း မောင်းနေတာကို တွေ့ရပါတယ်။ နိဗ္ဗာန်ယာဉ် ကား မောင်း ချင်တိုင်း မောင်းခွင့်မရတဲ့ စည်းကမ်းချက်ရှိတယ်လို့လည်း ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' ဒီမှာ လာပြီး နိဗ္ဗာန်ယာဉ်မောင်းတယ် ဆိုတာကလည်း အနုပညာရှင်အချင်းချင်းမို့လိ့ု ကျွန်တော်မောင်းမယ် ဦးမောင်လို့ သွားပြောလို့မရဘူး။ ယာဉ်မောင်းခွင့်တင်ရတယ်။ နိဗ္ဗာန်ယာဉ်မောင်းတာက အမှားအယွင်းဖြစ်လို့လည်း မရဘူး။ အရမ်းလည်း စည်းကမ်းကြီးပါတယ်။ အလှူငွေ တွေ ဆိုရင်လည်း တစ်ပြားတစ်ကျပ်မှ ထိခွင့်မပြုထားဘူး။ စည်းနဲ့ကမ်းနဲ့ မှတ်ထားတာ။ကျွန်တော်ကတော့ ဒီ နာရေးကူ ညီမှုအသင်းမှာပဲ ပရဟိတနဲ့ ပတ်သက်တဲ့ သင်တန်းတွေ အများကြီး တက်ဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ထွန်းကိုကို

 

ဦးကျော်သူနဲ့ အတူ ကုသိုလ်ရေးတွေ ဆောင်ရွက်နေရပေမယ့် အနုပညာအလုပ်ကို ၁၀၁၄ ရုပ်ရှင်ဇာတ်ကားမှာသာ ပထမဆုံး တွဲလုပ်ခွင့်ရ တယ်လို့ ထွန်းကိုကိုက ပြောပါတယ်။ လေးစားအတုယူရတဲ့ အနုပညာရှင်နဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတဲ့ ခံစားချက်ကိုလည်း ဖွင့်ပြောပြခဲ့ပါတယ်။

'' ကိုယ်နဲ့ အနီးဆုံးမှာ မဟုတ်ပေမယ့်လည်း ကိုယ့်ထက်ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေကို ဦးခိုက် ကန်တော့ရတဲ့ နေရာမှာလည်း ဦးမောင်တို့၊ မေမို့တို့ပါ ပါတယ်။ ဦးမောင်ရော ၊ မေမို့ရော ရှုတင်မှာ လိုအပ်တာ မှန်သမျှကို ပြောပါ ဆို ဆုံးမပါ ။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ့မယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: ထွန်းကိုကို

 

သရုပ်ဆောင် ထွန်းကိုကိုက လက်ရှိမှာ ၁၀၁၄ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့် အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားမှဖြစ်ပါတယ်။ နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က