ချစ်သူက ဆိုဖီ ထက် ၃ နှစ် ငယ်ပါတယ်တဲ့။

ဆိုဖီယာနဲ့ ချစ်သူကောင်လေးက အသက် ၃ နှစ်ကွာကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း သူတို့ရဲ့ အချစ်ရေးက နှစ်ဖက်မိဘ တွေလည်း သိထားကြတဲ့ အကြောင်း ဆက်လက်ပြောပြလာပါတယ်။



Photo: ဆိုဖီယာ

 

အဆိုတော် ဆိုဖီယာက မကြာသေးခင်က သူ့ရဲ့ ချစ်သူကို ပရိသတ်အရှေ့ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ချစ်သူဟာ ရုပ်ဖြောင့်ပြီး စမတ်ကျတဲ့ အတွက် ပရိသတ်ကြားရေပန်းစားခဲ့ပြီး ဆိုဖီယာနဲ့လည်း ရှေ့သွားနောက်လိုက် အရမ်းညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားပါတယ်။ လက်ရှိမှာတော့ ချစ်သူ သက်တမ်းက ၁၀လကျော်ကျော်ပဲရှိသေးတယ်လို့ Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဆိုဖီတို့ ချစ်သူ သက်တမ်းကတော့ ၁၀လ ရှိပါတယ်။ သူနဲ့က ၂၀၁၈ Happy New Years ပြီးတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးရင်း စကားတွေပြောကြရင်းနဲ့ ချစ်သူတွေဖြစ်သွားကြတာပါ။ တော်တော်လေးလည်း အေးပါတယ်။ အခုလက်ရှိအထိတော့ အဆင်ပြေပြေ တွဲနေကြတယ်၊ ထွေထွေထူးထူးတွေလည်း ပရိသတ်ကို မပြောပြထားချင်သေးဘူး'' လို့ သူကဆိုုပါတယ်။

Photo: ဆိုဖီယာ

 

ဆိုဖီယာတို့ ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးလျှက်ရှိကြပါတယ်။ အဲ့ဒီနောက် နှစ်ဖက်မိဘတွေကလည်း သိကြတယ် လို့ ဆိုပါတယ်။ ဆိုဖီယာက လက်ရှိမှာ မောင်လေးနဲ့ မမ ဆိုတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

'' နှစ်ဖက်မိဘတွေတော့ သိတယ်၊ ဒါပေမယ့် သူတို့လည်း မသိချင်ယောင်ဆောင်နေကြတယ်။ ဒါပေမယ့် မိဘတွေက Public မှာ ပြတာ သိပ် မကြိုက်ကြဘူးပေါ့နော်။ ဒီ့အတွက် ကိုယ်လုပ်တာကိုလည်း သူတို့ သိတော့ ကိုယ့်ကိုလည်းမပြောတော့ဘူး၊ သူက ဆိုဖီ့ထက် ငယ်တယ်။ သူက ၂၃ ဆိုဖီက ၂၆ ပြည့်ပြီးသွားပြီဆိုတော့ ၃ နှစ်ကျော်ကျော်လောက်ငယ်တယ်'' လို့ ဆိုပါတယ်။

သီချင်းအသစ်လေးနဲ့အတူ ကံကောင်းခြင်းတွေပိုင်ဆိုင်သွားတဲ့ ဆိုဖီယာ 

Photo: ဆိုဖီယာ

 

ဆိုဖီယာ ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပေမယ့် ချစ်သူကတော့ အနုပညာလောကထဲက မဟုတ်ပါဘူး။ သူ့ရဲ့ အနုပညာအလုပ် တွေကိုလည်း နားလည်ပေးသူဖြစ်တဲ့အတွက် အဆင်ပြေပေမယ့် တစ်ခါတလေမှာ သဝန်တိုတတ်တာမျိုးတွေရှိတယ်လို့ ဆိုုပါတယ်။

'' ဆိုဖီက အနုပညာအလုပ်လုပ်တာဆိုတော့ တစ်ခါတလေ သူ သဝန်တိုတာလေးတွေရှိတာပေါ့။ အဲ့ဒီအခါကျရင် သေချာရှင်းပြတယ်၊ ပြောပြ တယ်။ တကယ်လည်း သွားသွားလာလာမှာ သူလည်း ပါနေတာဆိုတော့ ကျန်တာတွေ ညှိစရာတော့ သိပ်မရှိပါဘူး'' ဆိုပြီးတော့ A|X Fashion ဆိုင်ရဲ့ ဒီဇိုင်းအသစ်တွေ မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ဆိုဖီယာ

 

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက် Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့ အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က