ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်ပါပဲ။

ဝမ်း ကတော့ ခင်ပွန်းဖြစ်သူ အဆိုတော် အာဇာနည်နဲ့အတူ ခိုင်မာတဲ့ မိသားစုလေးဘဝလေး ဖန်တီးဖြစ်တဲ့အကြောင်းတွေ ပြော ပြခဲ့ပါတယ်။ စီးပွားရေးမှာ ဦးဆောင်နေရတဲ့ ခင်ပွန်းအတွက် ဝမ်းရဲ့ ဇနီးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက် ပေးတာ တွေရှိတယ်လို့ ဆိုပါတယ်။

Photo: အာဇာနည်

 

သရုပ်ဆောင်ဝမ်းက ခင်ပွန်းဖြစ်သူ အာဇာနည်အတွက် ဇနီးကောင်းတစ်ယောက် တာဝန်တွေကို ထမ်းဆောင်နေရသူဖြစ်ပါတယ်။ အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် စီးပွားရေးအလုပ်တွေအပြင် ဘုရား၊ တရားတွေလည်း လုပ်ဖြစ်နေတယ်လို့ မီဒီယာတွေကနေ ဖြေဆို ခဲ့ပါတယ်။

'' ကိုယ်ချစ်လို့ယူထားတဲ့ ကိုယ့်ယောကျ်ားက ရှေ့ထွက်ပြီးတော့ အလုပ်လုပ်နေရတယ်ပေါ့နော်။ အဲ့ဒီတော့ နောက်စံမတင်းရအောင် နောက်ပိုင်း က ကိစ္စတွေကို အစ်မက တာဝန်ယူပြီးတော့ ဘုရားတရားကိုလည်း ပိုလုပ်ဖြစ်တယ်။ သူ့နောက်ကို လိုက်ရင်း ကိုယ်လည်း ဘာအလုပ်မှမရှိတော့ အားနေတာနဲ့ ဘုရားတရားပိုလုပ်ဖြစ်တယ်'' လို့ ဆိုပါတယ်။

Photo: အာဇာနည်

မိသားစုအပေါ်တာဝန်ကျေတဲ့ ခင်ပွန်းကို ကျေးဇူးတင်လိုက်တဲ့ ဝမ်း  

လက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝအကြောင်းကိုလည်း ဝမ်းက အခုလို ပြောပြထားပါတယ်။ ခိုင်မာတဲ့ အိမ်ထောင်ရေး တစ်ခုရဲ့ အတွေ့ အကြုံတွေကိုလည်းဆက်လက်ပြောထားပါသေးတယ်။

'' အိမ်ထောင်တစ်ခု ပြုလိုက်ပြီဆိုရင် လူနှစ်ယောက်မှာ တစ်ယောက်တည်း အလုပ်လုပ်နေလို့မရဘူး။ ဒီဘက်ခေတ်မှာဆို ပိုတောင်ဆိုးသေး တယ်။ အားလုံးက ကိုယ့်တာဝန် ကိုယ်ယူပြီး လုပ်နေကြရတာလေ။ အနုပညာသမားဆိုတာက တခြား စီးပွားရေးသမားတွေနဲ့လည်း တူတာ မဟုတ်ဘူး''လို့ MORLLy အလှကုန် ပစ္စည်းမိတ်ဆက်ပွဲ ကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။

Photo: အာဇာနည်

 

အာဇာနည်နဲ့ ဝမ်းတို့ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းမှာပဲ အိမ်ထောင်သက်တမ်း ၁၅ နှစ်ပြည့်ခဲ့ကြတာဖြစ်ပါတယ်။ ဒီ အိမ်ထောင်သက် တမ်း ၁၅ နှစ်မှာလည်း ဇနီးမောင်နှံ နှစ်ယောက်ဟာ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ဆိုတဲ့အတိုင်း အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့ကြတယ် လို့ ဆိုပါတယ်။

'' အားလုံးကတော့ ဘယ်အလုပ်မဆို ပင်ပန်းပါတယ်။ လွယ်လွယ်ကူကူတော့ ဘာမှ မရှိဘူးပေါ့နော်။ သူက အဲ့ဒီလိုတွေ လုပ်နေရတာဖြစ်တဲ့ အတွက် အစ်မ လုပ်နိုင်သလောက်၊ အစ်မ တက်နိုင်တဲ့ ဘက်ကနေ လိုက်ပြီးတော့ ဖြည့်ဆည်းပေးတဲ့ သဘောပါ '' ဆိုပြီးတော့ ဆက်လက် ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: အာဇာနည်

 

သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။

 



က္က