သရုပ်ဆောင်တာ သီချင်းဆိုတာထက် ပိုခက်တယ်တဲ့။

သရုပ်ဆောင်ရတာ သီချင်းဆိုရတာထက် ပိုခက်တယ်လို့ သူမက ဆိုပါတယ်။ ကြော်ငြာတွေ ရိုက်နေရင်းနဲ့ မင်းသားမင်းသမီး တွေကို ကိုယ် ချင်းစာတတ်နေပြီတဲ့။

Photo : ချမ်းမြေ့မောင်ချို FB

 

လူငယ်အဆိုတော်မလေး ချမ်းမြေ့မောင်ချို့က အခုဆိုရင် ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရပါပြီ။ ကြော်ငြာတွေ ရိုက်နေရတဲ့ သူမအဖို့ သရုပ်ဆောင်ရတာ သီချင်းဆိုရတာထက် ပိုပြီး ခက်တယ်လို့ သူမက ဆိုပါတယ်။

"သရုပ်ဆောင်ရတာက သီချင်းဆိုရတာထက် ပိုပြီး ကြာတယ်။ သီချင်းဆိုတာက (၅) ပုဒ်ဆို (၅) ပုဒ်ပြီးကောလေ။ ကြော်ငြာရိုက်တာက ဒါရိုက်တာ မကြိုက်မချင်း ရိုက်ရတာဆိုတော့ သီချင်းဆိုရတာထက် ပိုကြာတယ်။ ပိုခက်တယ်။ အခုမှ မင်းသားမင်းသမီးတွေ ကို  ကိုယ်ချင်းစာ တတ်တယ်။ ဒီလိုမျိုး မိနစ်ပိုင်းလေး ရိုက်ဖို့အတွက် ဒီလောက်ကြတယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားကြိးတွေ ရိုက်မယ်ဆိုရင် တော်တော်ကို အချိန်ပေးရမှာပေ့ါ။ သူတို့ကို ကိုယ်ချင်းစာတတ်သွားပြီ" လို့ နိုဝင်ဘာ(၂၅) ရက်နေ့က D&C ကြော်ငြာရိုက်ကွင်းမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။

Photo : ချမ်းမြေ့မောင်ချို FB

ချမ်းမြေ့မောင်ချိုတစ်ယောက် ဝေဖန်မှုတွေ ခံနိုင်နေပြီလား  

ကြော်ငြာတွေ ရိုက်ရင်းနဲ့ သီချင်းတွေ ဆိုနေတဲ့ သူမက သီချင်းခွေအတွက်ကိုလည်း သီချင်းသစ်တွေ စုနေတယ်လို့ ဆိုပါတယ်။

"လတ်တလောက ဟိုးတုန်းက ပေါက်ခဲ့တဲ့ သီချင်းလေးတွေ ပြန်ဆိုဖို့ လုပ်နေတယ်။ ပြန်ဆိုတယ်ဆိုတာကလည်း ကထိန်ပွဲတွေ ဘာတွေမှာ ပရိသတ်တွေမြူးအောင် ဆိုမယ်ပေ့ါ။ စဉ်းစားနေတုန်းပါ။ သီချင်းသစ်တွေကတော့ အခုမှ စစုနေတုန်း။ တေးရေးတွေကိုလည်း အခုမှ ရေးပေး ဖို့အတွက် ပြောထားတုန်းပါ။ သီချင်းတွေက အခုထိတော့ မရသေးပါဘူး။တစ်ပုဒ်လားပဲ ရသေးတယ်။ စောင့်နေတုန်းပေ့ါ" လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : ချမ်းမြေ့မောင်ချို FB

 

ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အဖို့ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်မှုကို ရအောင်ယူနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ အခုလက် ရှိရော ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိနေပြီလား။ သူမအနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ယခုလို ပြောပြခဲ့ပါတယ်။

"ဝေဖန်တိုက်ခိုက်မှုတွေက အများကြီးပါပဲ။ အစတုန်းကတော့ အဲ့အပေါ်မှာ နည်းနည်းတော့ အားငယ်တယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ့်စိတ်ကို ပြန်သတ်သလိုပဲလေ။ အခုတော့ ကိုယ်လုပ်စရာရှိတာလုပ်တယ်။ ပြိုင်ပွဲဝင်တုန်းကလည်းကိုယ့်သီချင်းကောင်းဖို့ Team Work လေးကောင်း ဖို့ရယ် အများကြီး ကြိုးစားရတာပေ့ါ။ ဝေဖန်မှုအပေါ်မှာ စိတ်ထိခိုက်တဲ့အချိန်တွေတော့ ရှိခဲ့တယ် ။ ဒါပေမယ့် အကြာကြီးတော့ မဟုတ်ဘူး" စက်တင်ဘာ(၂၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ City Mall (၁)နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

သူမဟာ Myanmar Idol မှာကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိခဲ့သူပါ။



က္က