ဝါသနာပါတဲ့ သူမျိုးမဟုတ်ပါဘူး။

အလှမယ် ရွှေအိမ်စည်က နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်တော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလာပါပြီ။ လက်ရှိ ယှဉ်ပြိုင် ပြီးခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးက အတွေ့အကြုံတွေကိုလည်း အခုလို ပြောပြလာပါသေးတယ်။

 

ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ဟာ ဒီဇင်ဘာလ ၉ ရက်နေ့ ညမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။

'' ပြိုင်ပွဲမှာ အခက်အခဲတွေကတော့ အများကြီးပဲပေါ့နော်။ အိမ်စည်လေ တစ်နေ့ထက် တစ်နေ့ ပြန်လာချင်တာပဲသိတယ်။ ဒါပေမယ့် အ ကောင်း ဆုံး လုပ်နိုင်ခဲ့တယ်လို့ အိမ်စည်မြင်တယ်။ အိမ်စည်က အဲ့ဒီ့ထက်ပိုပြီးတော့ ရချင်တာလေ တကယ်တမ်းတော့။ ဘာပဲပြောပြော စင် ပေါ်မှာမြင်တဲ့လူတွေ အားလုံးသိတယ်။ ရရ မရရ ကိုယ် Perform လုပ်ခွင့်ရခဲ့တယ် ဒီနှစ်မှာတော့ မြန်မာကို သူတို့ အထင်သေးလို့မရတော့ ဘူးဆိုတာ သိသွားတာပေါ့။ အိမ်စည်ကတော့ ကျေနပ်တယ်'' လို့ ဆိုပါတယ်။

 

ရွှေအိမ်စည်ဟာ  Miss Supranational 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခွင့်ရပြီးတဲ့နောက်မှာတော့ ဘယ် Miss ပြိုင်ပွဲမှ ဝင်မပြိုင်တော့ ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူဖြစ်ချင်တဲ့ ဆန္ဒအတိုင်း အကောင်းဆုံးကြိုးစားပြနိုင်ခဲ့တယ်လို့လည်း ဒီဇင်ဘာလ ၉ ရက်နေ့ ညက မြန်မာနိုင်ငံကို ပြန်ရောက်လာချိန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြောပြခဲ့တာပါ။

'' အိမ်စည်က ရရ မရရ မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ထားတာ ဒါပေမယ့် အိမ်စည်က Miss ပြိုင်ပွဲတွေကို ဝါသနာပါတဲ့သူမျိုး မဟုတ်ဘူး။ ဒါပေ မယ့် အိမ်စည် ဂုဏ်ဆောင်ချင်တယ်။ ဂုဏ်ဆောင်ခွင့်ရခဲ့တယ်။ ပရိသတ်တွေလည်း ကျေနပ်မှု ရှိမယ်လို့ ထင်ပါတယ်။ ထပ်ပြိုင်ဖို့လည်း အစီအစဉ် မရှိတော့ပါဘူး'' လို့ ဆက်လက်ပြောပြထားပါတယ်။

အိမ်ပြန်လမ်းမှာ ချစ်ရသူတွေနဲ့ တွေ့ဆုံချင်တဲ့ အိမ်စည့်ရဲ့ဆန္ဒ 

Photo: Missosology

 

အိမ်စည်ဟာ ပိုလန်နိုင်ငံကနေမှတဆင့် ထိုင်းနိုင်ငံကို ရောက်ရှိတာဖြစ်ပြီး ထိုင်းနိုင်ငံကနေမှတဆင့် မြန်မာနိုင်ငံကို မြန်မာစံတော်ချိန် ည ၉ နာရီနောက်ပိုင်းမှသာ ရောက်ရှိလာတာဖြစ်တဲ့ အတွက် ပရိသတ်တွေနဲ့ မတွေ့ရမှာကို စိတ်ပူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမ ထင်သလို ဖြစ်မလာတာကြောင့်လည်း ဝမ်းသာပျော်ရွှင်မိတယ်လို့ ပြောပါတယ်။

'' အိမ်စည့် ပရိသတ်တွေကို အရင်တုန်းကထက် ပိုပြီးတော့ ချစ်သွားပြီ။ အရမ်း လူစုံတက်ကြွပြီးတော့ လာပေးကြတဲ့အတွက်တော့။ နည်းနည်း စိတ်ပူတာက ဒီနေ့ လေယာဉ်ဆိုက်တာကလည်း နောက်ကျတယ်။ နေ့ခင်းပိုင်းလဲ မဟုတ်တော့ မလာလောက်တော့ဘူးလို့ နည်းနည်းပါးပါး လောက်ပဲ ရောက်မယ်ထင်တာ အခုက  အများကြီးဆိုတော့ အရမ်းပျော်တယ်'' လို့ သူကဆိုပါတယ်။

 

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကို ကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

 

Share

Loading Next Article...
က္က