ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားနေတုန်းပါ။

ဟိန်းမင်းသူကိုတော့ အဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ အခွင့်အရေးရရင် မြင်ရဦးမယ်လို့ ဆိုပါတယ်။ သူဟာလက်ရှိမှာတော့ သီချင်းအသစ်တွေကို ကိုယ်တိုင်ပုံဖော်နေသူတစ်ဦးပါ။

Photo: ဟိန်းမင်းသူ

အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေ အားပေးကြတဲ့ ဟိန်းမင်းသူဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရရင်လည်း ကြိုးစားချင်တဲ့ဆန္ဒရှိပါတယ်တဲ့။ လက်ရှိမှာတော့ သူကိုယ်တိုင်လည်း ကြိုးစားနေတဲ့သူတစ်ယောက် ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’လူတိုင်းကတော့ အခြေအနေအမျိုးမျိုးကနေပြီးတော့ ကြိုးစားခဲ့ကြတာပဲ။ ကျွန်တော်လည်း အခြေအနေတစ်ခုကနေ ကြိုးစားလာတာခဲ့တာပါ။ သရုပ်ဆောင်လုပ်ဖို့ကတော့ စဉ်းစားထားတဲ့ Plan မရှိဘူး။ နောက်ပိုင်း ကြုံရင် ကြုံသလို အခွင့်အရေးရရင် ရသလို လုပ်ဖြစ်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: ဟိန်းမင်းသူ

ဟိန်းမင်းသူက အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူဟာ လက်ရှိမှာတော့ ကိုယ်ပိုင်သီချင်း MTV တွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

‘’အားလုံးကတော့ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားနေကြတာပေါ့နော်။ သူတို့လည်း သူတို့စိတ်ကူူးနဲ့သူတို့ ကြိုးစားမယ်၊ ကျွန်တော်လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်ကြိုးစားတယ်။ ဘယ်လိုအရာတွေကြောင့်၊ ဘာတွေကြောင့် နာမည်ကြီးလာတယ်ဆိုတာမရှိဘူး။ လူတိုင်းကတော့ ခံယူချက် တစ်ခုနဲ့ အလုပ်လုပ်လာကြတာပါပဲ’’ လို့ ဆိုပါတယ်။

Photo: ဟိန်းမင်းသူ

ဟိန်းမင်းသူဟာ အနုပညာနဲ့ပတ်သက်ပြီး ဝါသနာကြီးသူတစ်ယောက်ပါ။ ဂီတအလုပ်တွေသာမက သရုပ်ဆောင်ဘက်မှာလည်း ကြိုးစားနေသူပါ။ မကြာခင်က ပြသပြီးခဲ့တဲ့ ‘’အရိပ်’’ရုပ်သံဇာတ်လမ်းတွဲမှာစပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာပါ။

‘’ နေရာတစ်နေရာ ရဖို့၊ လူသိလာဖို့ဆိုတာကလည်း အမှန်အတိုင်းပြောရရင် မလွယ်ဘူးလေ။ ဘယ်သူကတော့ ဘာကြောင့် နာမည်ရှိလာတယ်ဆိုတာကိုလည်း ကျွန်တော်က မဝေဖန်ချင်ဘူး’’ ဆိုပြီးတော့ သရုပ်ဆောင်သစ် Zell ကို မီဒီယာတွေနဲ့ မိတ်ဆက်ပွဲကိုတက်ရောက်ရင်း ဖြေဆိုပေးခဲ့တာပါ။ 

Photo: ဟိန်းမင်းသူ

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်"ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။



က္က